ဂျနီဗာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ရာသီဥတုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ် ဖြစ်စဉ်အရေအတွက်သည် ပြီးခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကာလ အတွင်း ငါးဆတိုးလာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO)က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
အင်ချွန်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ၁၀၉ ဦး၏ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူ ဘီလီယံပေါင်းများစွာက COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် ကာကွယ်ဆေး လက်လှမ်းမမီဖြစ်နေချိန်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် မကြာမီသက်တမ်းကုန်ဆုံးတော့မည့်ကာကွယ်ဆေးများစွာ သိုလှောင်သိမ်းဆည်းထားကြောင်း သီရိလင်္ကာနိုင်ငံ၊ ခုခံအားဆိုင်ရာ ရောဂါပညာဌာန ပါမောက္ခ ၏ ပြောစကားကို ဒေသတွင်းမီဒီယာများက စက်တင်ဘာ ၁ ရက်တွင်ဖော်ပြခဲ့သည်။
ချီကာဂို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အီလီနွိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (IDPH) က ကိုဗင်-၁၉ ရောဂါ (COVID-19) ဖြစ်ပွားနေသော စာသင်ကျောင်း ၂၆ ကျောင်းရှိပြီဖြစ်ကာ ချီကာဂိုမြို့ပြဧရိယာရှိ ကျောင်းအမြောက်အများ ပါဝင်ကြောင်း Chicago Tribune က ဩဂုတ် ၃၁ ရက်၌...
COVID-19 ရောဂါကို နိုင်ငံရေးအမြတ်ထုတ်ခြင်းက အမေရိကန်နိုင်ငံတွင် အာရှဆန့်ကျင်ရေး အမုန်းတရားများကို ပိုမိုဆိုးဝါးလာစေသည်။ (Xinhua) ——————————————- (English Version) Politicizing COVID-19 has flamed up hate crimes against Asians in the U.S.
သူတစ်ပါးအား အပြစ်ပုံချခြင်းဖြင့် အမေရိကန်နိုင်ငံ၏ ပြဿနာများကို ဖြေရှင်း၍ရနိုင်မည်မဟုတ်ပေ။ (Xinhua) ………………………………………… Playing the blame game can’t fix America’s problems.
ရာမာလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းအနေဖြင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်းမှုကိုမဆို ကြိုဆိုကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammed Ishtaye က သြဂုတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ဒါဆရီဘဂါဝန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရူနိုင်ငံးနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးတွဲဖက်စပ် ရေနံဓာတုပစ္စည်းစက်ရုံ Hengyi Industries Sdn Bhd က ဘရူနိုင်းနိုင်ငံ၏ ဓာတ်ခွဲခန်းလုပ်ငန်းများဦးစီးဌာနသို့ ဓာတ်ခွဲခန်းသုံးအထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ဩဂုတ် ၃၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒါကာ ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသည် ဩဂုတ်လတွင် သိသိသာသာ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ယခုအချိန်ထိ ရောဂါဖြစ်ပွားသူ ၁၀,၃၅၆ ဦး နှင့် သေဆုံးသူ ၄၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က ဩဂုတ်...
နယူးဒေလီ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက တာလီဘန်ထိပ်တန်းခေါင်းဆောင်နှင့် ဩဂုတ် ၃၁ ရက်က တွေ့ဆုံခဲ့ရာ တာလီဘန်နှင့် ပထမဆုံး တရားဝင်ဆက်သွယ်မှု ထူထောင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။