နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဇူလိုင် ၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၈း၄၉နာရီ တွင် ဖီဂျီနိုင်ငံ၊ ဖီဂျီကျွန်း ၏ တောင်ဘက်၌ အင်အား ၅.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကဆိုသည်။
ကာရာကပ်စ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံပါတီတို့၏ ပြန်လည်တွေ့ဆုံဆွေးနွေးပွဲကို ကာရီဘီယံကျွန်းနိုင်ငံ ဘာဘေးဒို့စ်တွင် ယခုရက်ပိုင်းများအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား ဗင်နီဇွဲလား နိုင်ငံ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ၎င်း၏လူမှုမီဒီယာမှတစ်ဆင့် ဖော်ပြထားသည်။
ကဘူးလ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazniပြည်နယ် Ghazniမြို့တွင် ဇူလိုင် ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန် အစိုးရ အရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) ၌ ယနေ့နံနက်အစောပိုင်းတွင် ရေနှုတ်မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။(Xinhua)
မော်စကို၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအလယ်ပိုင်း Sverdlovsk Oblastပြည်နယ်တွင် ဇူလိုင် ၇ ရက်က ဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားရာ လက်ရှိတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် (Samdech Techo Hun Sen) က ၎င်း၏ ညာဘက် ပုခုံး ကြွက်သား နာကျင်မှုဝေဒနာအား ကုသရန် စင်ကာပူ နိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း...
နယူူးဒေလီ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ပန်းရောင်မြို့တော်ဟု လူသိများသည့် ဂျိုက်ပူမြို့(Jaipur) ကို ယူနက်စကို(UNESCO) ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Plantation ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇူလိုင် ၆ ရက်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဂါ့ဇ်နီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါ့ဇ်နီပြည်နယ်ရှိ ဗလီတစ်ခုတွင် ဇူလိုင်လ ၅ ရက်က စစ်သွေးကြွများထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး အခြားလူ ၂၀ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အာရက်ဖ်နူရီ (Aref...
ဆစ်ဒနီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ဇူလိုင် ၅ ရက်က စက်ရုပ်ကစားသမားများ ယှဉ်ပြိုင်သော စက်ရုပ်ဖလား RoboCup 2019 ဘောလုံးပွဲကျင်းပခဲ့ကြောင်း သိရသည်။