ဂျေရုဆလမ် ၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အစ္စရေးကျောင်းသားများက မျိုးရိုးဗီဇပြုပြင်ဖန်တီးထားသော ဘက်တီးရီးယားများကို အသုံးပြု၍ ပျားလွတ်-ပျားရည် ထုတ်ယူရန် နည်းပညာသစ်ကို တီထွင်နိုင်ခဲ့ကြောင်း အစ္စရေးနည်းပညာသိပ္ပံက နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ Essex မြို့၌ (လော်ရီ)ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူ ၃၉ ဉီးစလုံးမှာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ရုရှား နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံတို့သည် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုကို ၂၀၃၀ ခုနှစ် မတိုင်မီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှား အစိုးရက နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သော...
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ရှာဖွေမှုစစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသမီးဝတ်စုံများ ဝတ်ဆင်ကာ ရုပ်ဖျက်ထားသော အိုင်အက်စ်စစ်သွေးကြွ ၄ ဦးအား ဖမ်းဆီးမိခဲ့ကြောင်း ပြည်နယ်အစိုးရက နိုဝင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။
ဆိုးလ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက လူဦးရေအခြေအနေလေ့လာဆန်းစစ်မှု ပြောင်းလဲခြင်းကို ကိုင်တွယ်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၂ ခုနှစ် မတိုင်မီ စစ်တပ်အင်အား ၅၀၀,၀၀၀ အထိ လျှော့ချရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးအား တွန်းအားပေးမှု အဆက်မပြတ်လုပ်ဆောင်နေစဉ်အတွင်းမှာပင် နိုင်ငံ၏ စစ်ရေးစွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ်က နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံအရှေ့မြောက်ပိုင်း ဟာဆာကပြည်နယ် ကျေးလက်ဒေသရှိ ရေနံမြေများဖြင့် ကြွယ်ဝသောနယ်ပယ်သစ်၌ တပ်ဖြန့်ထားခဲ့ကြောင်း၊ တူရကီနယ်စပ်အနီး ကာ့ဒ်သူပုန်များ တပ်စွဲရာနယ်မြေသို့ ဆီးရီးယားစစ်တပ်၏ အလုံးစုံတပ်ဖြန့်မှုအတွင်း နောက်ဆုံးတပ်ရွေ့လျားမှုလည်းဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီနှင့် သတင်းရင်းမြစ်တစ်ရပ်က ဆင်ဟွာသို့...
ဘူဒါပတ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) ဟန်ဂေရီ နိုင်ငံက 5G ကွန်ရက် တည်ဆောက်ရန် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် Huawei နှင့် ပူးပေါင်း သွားမည် ဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Peter Szijjarto...
ဘန်ကောက်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ယာလပြည်နယ်တွင် နိုဝင်ဘာ ၅ ရက် ညပိုင်းက သေနတ်သမားအုပ်စု၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်ညကင်းစောင့်သူ ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်၌ ပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) မိခင်သုံးဦး နှင့် ရင်သွေးငယ်ခြောက်ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၉ ဦးပါဝင်သော အမေရိကန်မိသားစုတစ်ခုသည် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း၌ မူးယစ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု သံသယရှိသူများ၏ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ၅ရက်တွင် ပြောကြားခဲ့သည်။