ဘာလင် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်များ အာဏာရရှိပြီး ရှာရီယာ(Sharia)ဥပဒေကို ကျင့်သုံးလာပါကဂျာမနီနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီ ပေးနေမှုများအား ရပ်ဆိုင်းလိုက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးအရာရှိများက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် ပေကျင်း၏ ကတိကဝတ်အား ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။
ကိုင်ရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အီဂျစ်စစ်တပ်သည် ဆိုင်းနိုင်း မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အကြမ်းဖက်မှုဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုတွင်အစွန်းရောက်စစ်သွေးကြွ ၁၃ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း စစ်တပ်မှ သြဂုတ် ၁၂ ရက် နှောင်းပိုင်းတွင် ပြောသည်။
လန်ဒန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း (Devon)ကောင်တီရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် ပလိုင်းမောက်(Plymouth)မြို့၌ ဩဂုတ် ၁၂ ရက် ညနေပိုင်းကဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုတွင် သံသယရှိသူအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
အစ္စတန်ဘူလ် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က နိုင်ငံ၏ ပင်လယ်နက်ဒေသ၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၇ ဦး သေဆုံးကြောင်း ဩဂုတ် ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဟယ်လ်ဆင်ကီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ BYD ကားကုမ္ပဏီမှ ပေးပို့သော လျှပ်စစ်ကားအသစ် ၇၆ စီးသည် ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်ဆင်ကီမြို့တွင် လုပ်ငန်းလည်ပတ်တော့မည်ဖြစ်ကြောင်း သိရသည်။
ဗီယင်ကျန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် နှင့်လူသားအားလုံးအတွက်ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ရေးကိုအထောက်အကူပြုရန် တရုတ်နိုင်ငံက ခိုင်မာစွာ လုပ်ဆောင်လျက်ရှိသည်ဟု လာအိုဝန်ကြီးချုပ် Phankham Viphavanh က ပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) က သြဂုတ် ၁၂ ရက်တွင် အအေးလွန်သည့်အဆင့်၌ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ကမ္ဘာမြေကြည့်ရှုလေ့လာရေးဂြိုဟ်တုလွှတ်တင်ခြင်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ISRO ဥက္ကဋ္ဌ K. Sivan က အတည်ပြုခဲ့သည်။