ဘိုင်ရာ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ China Exim Bank၏ချေးငွေဖြင့် China Harbour Engineering Company(CHEC)မှ တာဝန်ယူ ပြုပြင်တည်ဆောက်ပေးသော မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)စီမံကိန်းကို အောက်တိုဘာ ၂၈ ရက်က ယင်းနိုင်ငံ အစိုးရထံသို့ အောင်မြင်စွာလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပါရီ ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Bayonneမြို့ ရှိ ဗလီတစ်လုံး၌ အောက်တိုဘာ ၂၈ရက်တွင် အမျိုးသားတစ်ဉီးက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် လူ နှစ်ဉီး ထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် သေနတ်သမားကို ဖမ်းဆီးထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ဘရပ်ဆဲလ်၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) Brexit နှုတ်ထွက်ချိန်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်သို့ ရွှေ့ဆိုင်းပေးရန် ဗြိတိန်၏လျှောက်ထားချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူ ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk)က အောက်တိုဘာ ၂၈ ရက်တွင် တွစ်တာလူမှုကွန်ရက်၌...
ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုနိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာ့က် အယ်လ်-ဘာဂါဒီ အားအမေရိကန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတစ်ခုအ တွင်းသတ်ဖြတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။
ဘိုဂိုတာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကိုလံဘီယာသမ္မတစီးနင်းသော လေတပ်ဖွဲ့အုပ်စုတွင် ပါဝင်သည့်ရဟတ်ယာဉ်တစ်စီး ကိုလံဘီယာနိုင် ငံအလယ်ပိုင်းကျေးလက်ဒေသတစ်ခုတွင်ပျက်ကျခဲ့ရာလိုက်ပါလာသူခြောက်ဦးလုံးသေဆုံးခဲ့ရကြောင်း ကိုလံဘီယာလေတပ် က အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊အောက်တိုဘာ ၂၇ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်နှင့် အရှေ့တောင်ပိုင်း ဒေသ မြို့များတွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ဆန္ဒပြမှုများကြောင့် သေဆုံးသူ ၆၃ ဦးအထိ တိုးမြင့်လာပြီး ဒဏ်ရာသူ ၂၅၉၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဂါဇာ ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်း အကြားတွင် တည်ရှိသော အစ္စရေးနယ်ခြားစောင့်တပ်စခန်းမှ ရဲဘော်များ နှင့် ပါလက်စတိုင်းဆန္ဒပြသူများ၏ ပဋိပက္ခအတွင်း ဆန္ဒပြသူအနည်းဆုံး ၇၇ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဉီးက ဆိုသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံအစိုးရအား ဖိအားပေးသည့်အနေဖြင့် ဒီဇင်ဘာလမှစတင်ကာ အမေရိကန်လေကြောင်းလိုင်းများအား ဟာဗားနားမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှလွဲ၍ ကျန်ကျူးဘားရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များအားလုံးသို့ ပျံသန်းခြင်းမှ တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ဘဂ္ဂဒတ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်အအပါအဝင် အခြားသောမြို့များ၌ အောက်တိုဘာ ၂၄ ရက်က ဒေါသထွက်နေသည့် အီရတ်နိုင်ငံသားများစွာက အစိုးရဆန့်ကျင်ဆန္ဒပြမှုအသစ် ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ပြီး ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်က တာဝေးပစ် ဒုံးကျည်သယ်ဆောင်သော Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းကို တောင်အာဖရိကနိုင်ငံ စစ်တပ် အဆင့်မြင့်အရာရှိကြီးများအား ခင်းကျင်းပြသခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။