ပေကျင်း ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) Microsoft မိုက်ခရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်က အငြင်းပွားဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ်မူလဇစ်မြစ်ရှာဖွေဖော်ထုတ်မှုသည် လူသားများ၏ အသက်ကိုကယ်တင်ရန် တစ်ခုတည်း အရေးပါသော လုပ်ဆောင်ချက်အဖြစ် တိုက်ရိုက်ဆက်နွယ်မှုမရှိကြောင်း ပြောကြားခဲ့သည်ဟု The Australian သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ရောင်းချမည့် မော်တော်ကားအသစ် အရေအတွက် ထက်ဝက်မှာ ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိသော ကားများဖြစ်စေရန် ညွှန်ကြားသည့် အမိန့်အား အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သြဂုတ် ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ “အမေရိကန်ဟာ သန့်စင်ပြီး စွမ်းရည်မြင့်မားတဲ့ မော်တော်ကားတွေနဲ့...
ဝါရှင်တန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူများလည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သေးကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး ဒေါက်တာ Rochelle Walensky က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အနောက်မြောက်ပိုင်း Manikganj ခရိုင်ရှိ ဈေးတန်းကြီးတစ်ခုတွင် လက်လုပ်ရိုးရာသစ်သားလှေ အများအပြားကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Panacea Biotec ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေး ၂၅ သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
ဗျူနိုအေးစ်အဲရစ် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) အာဂျင်တီနားဘောလုံးအသင်းခေါင်းဆောင် လီယိုနယ်မက်ဆီသည် (ဆယ်စုနှစ် ၂ ခု )နှစ်ပေါင်း ၂၀ ကျော်ကြာ ပါဝင်ကစားခဲ့သည့် ဘာဆီလိုနာအသင်းမှ ထွက်ခွာတော့မည့် မယုံနိုင်ဖွယ် စိတ်မကောင်းဖွယ် သတင်းကို အာဂျင်တီးနားမီဒီယာက ရေးသား ဖော်ပြခဲ့သည်။
အစ္စတန်ဘူလ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တောမီးသည် တူရကီနိုင်ငံအနောက်တောင်ပိုင်း Mugla ပြည်နယ်ရှိ အပူစွမ်းအင်သုံး ဓာတ်ပေါင်းဖို လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုသို့ ရောက်ရှိလာသောကြောင့် အနီးအနားရှိ မြို့များမှ လူများအား သြဂုတ် ၄ ရက်တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၌ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးနှစ်ပါတ်အတွင်း COVID-19 အတည်ပြုလူနာသစ်၏ ပျမ်းမျှ ၉၃.၄ ရာခိုင်နှုန်းမှာ Delta ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ မှ သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြင့်တက်လာစဉ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံအား ခရီးသွားလာခြင်းဆိုင်ရာ ပြင်းထန်သော သတိပေးချက်တစ်ရပ်ကို ဩဂုတ် ၃ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။