ဘေရွတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်၏ အရှေ့တောင်ဘက်ရှိ Chouf တောင်တန်းဒေသတွင် အောက်တိုဘာ ၁၄ ရက် က တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အန်ကာရာ၊အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံရှိ ကာဒ့်တိုက်ခိုက်ရေးသမားများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုချက်အပေါ် တူရကီနိုင်ငံသမ္မတအာဒိုဂန်က အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ငြင်းပယ်လိုက်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာလင် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမဏီနိုင်ငံ၏ မြို့တော် ဘာလင်တွင် အောက်တိုဘာ ၁၄ ရက် က တရုတ် – ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်း သစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ကျင်းပခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် ကတူရကီနိုင်ငံက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင် ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအနေဖြင့် တူရကီ၏လက်ရှိနှင့်ယခင် အရာရှိကြီးများအပေါ်တွင် ပိတ် ဆို့မှုပြုသည့်အမိန့်တစ်ရပ်ကို မကြာမီထုတ်ပြန်သွားမည်ဟု အောက်တိုဘာလ ၁၄ ရက်ကပြောကြားခဲ့ ကြောင်းသိရပါသည်။
ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ နီပေါနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး က အောက်တိုဘာလ ၁၃ ရက်တွင်ပြီးဆုံးခဲ့ပြီဖြစ်သည်။အဆိုပါချစ်ကြည်ရေးခရီးစဉ်က နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံမှုများကို စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဆိုရပေမည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနက နိုဝင်ဘာလတွင် အသစ်တည်ထောင်မည့် “သတင်းတု တုန့်ပြန်ရေးစင်တာ” အား အစိုးရအရာရှိ ၄၀ ဦးက လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အက်တာ ပရာဒက်ရှ်ပြည်နယ်၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦးသေဆုံးခဲ့ကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၁၄ရက်သတင်းများတွင် ဖော်ပြခဲ့သည်။
အော့တဝါ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) သည် သေချာမသိရသည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုကြောင့် တိုရန်တိုမြို့တွင် အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး၌ ကျည်ကာအင်္ကျီ ဝတ်ဆင်ခဲ့ကြောင်း ဒေသခံ CTV မီဒီယာအရ သိရသည်။
ဒါကာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှ အရှေ့တောင်ဘက် ၂၉၂ ကီလိုမီတာအကွာ ၊ ကော့ဘဇားခရိုင်(Cox’s) အတွင်းရှိ Nidania AD သေနတ်ပစ်ကွင်း၌ အောက်တိုဘာ၁၃ ရက်တွင် အော်လီကွန်(Oerlikon) လေယာဉ်ပစ်အမြောက် (လေကြောင်းရန်ကာကွယ်ရေးလက်နက်)ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေကျွန်း၌ လှို့ဝှက် တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည့် စစ်သွေးကြွ နှစ်ဦးအား အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက အောက်တိုဘာ ၁၂...