နယူးဒေလီ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ ၈ ဦးဒဏ်ရာရရှိကာ လူ ၄၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံအကြီးတန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် တယ်လီဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလိ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက် အစောပိုင်းတွင် အတည်ပြုခဲ့သည်။
တိုကျို၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) တိုင်ဖွန်းမုန်တိုင်း Nepartak သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မြောက်ဘက်သို့ ရွေ့လျားသွားခဲ့ပြီး မီယာဂီစီရင်စု အရှေ့မြောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မူလက တိုကျိုဧရိယာသို့ ဦးတည်မည့်အလားအလာမှ လှည့်ပြောင်းသွားခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၈) ၌...
တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အိုလံပစ်ကျေးရွာတွင် နေထိုင်သည့် နောက်ထပ် အားကစားသမားနှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အားကစားပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။
ပဲရစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) သဘာဝနေရာ ၄ ခုနှင့် ယဉ်ကျေးမှုနေရာ ၃ ခုအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဇူလိုင် ၂၆ ရက်က ထည့်သွင်းလိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံရှိ အမေရိကန်နိုင်ငံ တပ်ဖွဲ့ဝင်များအနေဖြင့် အီရတ် တပ်ဖွဲ့ဝင်များအား ကူညီ လေ့ကျင့်မှုများ ဆက်လက်ဆောင်ရွက်နေစဉ် ယခုနှစ်ကုန်ပိုင်းတွင် စစ်ဆင်ရေးမစ်ရှင်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၂၆ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သည့်နှစ်မှစ၍ COVID-19 ရောဂါကူးစက်ခံရသူ ပေါင်း၂၉၆,၅၁၆ ဦး ရှိပြီး ယင်းကာလအတွင်း Quarantine စဉ်းမျဉ်း ဥပဒေ ချိုးဖောက်မှုဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလမှ ယခုနှစ်ဇူလိုင် ၂၆ ရက်အထိ လူပေါင်း ၅၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း...
ပေကျင်း၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) MiG လေယာဉ်ကုမ္ပဏီက ပဥ္စမမြောက် လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်အား စတင်တီထွင်နေပြီဖြစ်ရာ နှစ်အနည်းငယ်အတွင်း ရှေ့ပြေးပုံစံ တည်ဆောက်ရန် စီစဉ်ထားကြောင်း Sputnik သတင်းအေဂျင်စီက ရုရှားစစ်ဘက်ဆိုင်ရာ စက်မှုအဖွဲ့(MIC)၏ သတင်းအရင်းအမြစ်များကို ကိုးကား၍ ဇူလိုင် ၂၆ ရက်တွင် ဖော်ပြထားသည်။
ဆိုးလ် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ(DPRK)တို့သည် တစ်နှစ်ကျော်ကြာ ပြတ်တောက်ခဲ့ရသည့် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော်ဆက်သွယ်ရေးလိုင်းများအား ပြန်လည်ထူထောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်ပြာတော်က ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
တူးနစ် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ တူးနစ်မြို့ရှိ အစိုးရရုံးများဆီသို့ ချီတက်လာသော ဆန္ဒပြသူများကို ဟန့်တားပိတ်ဆို့ရန် နှင့် အစိုးရလုပ်ငန်းခွင်များသို့ သွားရောက်ကြမည့် ရုံးဝန်ထမ်းများအား အကာအကွယ်ပေးရန်အတွက် တူနီးရှားနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ နှင့် စစ်တပ်က ယင်းနေရာများတွင် တင်းတင်းကြပ်ကြပ်ဖြင့် တပ်စွဲထားကြောင်း သိရသည်။