ပေကျင်း ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) တိုင်ဖွန်းမုန်တိုင်း In-Fa ဒဏ်သင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်သည့် ကျဲ့ကျန်းပြည်နယ်၌ ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် အဆင့်လေး( IV) အရေးပေါ်တုံ့ပြန်မှုများကို တရုတ်နိုင်ငံ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် COVID-19 ကပ်ရောဂါ စတင်ပြန့်နှံ့ချိန်ကတည်းက တစ်ရက်တည်း အတည်ပြုလူနာအမြင့်ဆုံးစံချိန်တင် အရေအတွက်ဖြင့် လူနာပေါင်း ၁၇,၀၄၅ ဦး စစ်ဆေးတွေ့ရှိကြောင်း နှင့် နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း တစ်သန်းကျော် (၁,၀၁၃,၄၃၈ ဦး)ထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၅...
မနီလာ ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မတ်ထရိုမနီလာမြို့ နှင့် နိုင်ငံအတွင်းရှိ အခြားသော ဒေသအများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းကြောင့် လူပေါင်း ၁၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ကယ်တင်ထားရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်များက ပြောကြားခဲ့သည်။
ဒါကာ ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၂၄ ရက်တွင် COVID-19 လူနာသစ် ၆,၇၈၀ ဦး နှင့် သေဆုံးသူ ၁၉၅ ဦး ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာပေါင်း ၁၁,၅၃,၃၄၄ ဦး နှင့် သေဆုံးသူ ပေါင်း ၁၉,၀၄၆...
မွမ်ဘိုင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်၌ ပြီးခဲ့သည့် ၄၈ နာရီအတွင်း မိုးနှင့်ဆက်စပ်သည့် ဖြစ်ရပ်များကြောင့် စုစုပေါင်းသေဆုံးသူ ၁၃၆ ဦး ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ Raigad ခရိုင်ကမ်းရိုးတန်းနှင့် အနောက်ပိုင်း Satara...
ဝယ်လ်လင်တန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံတွင် ဝန်ထမ်းများအနေဖြင့် အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက်တာ ခံစားခွင့်သည် ဇူလိုင် ၂၄ ရက်မှစတင်သက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများရော ဝန်ထမ်းများပါ အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း နယူးဇီလန် လုပ်ငန်းခွင် ဆက်ဆံရေးနှင့် ဘေးကင်းရေး ဝန်ကြီး Michael Wood က...
ဗီယင်ကျန်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ပြီးစီးခဲ့သော ဘူတာရုံအား လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမှ မြောက်ဘက် ၇၀ ကီလိုမီခန့်အကွာရှိ ဖွန်ဟုန်မြို့တွင် ဇူလိုင် ၂၃ ရက်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ အများဆုံး ခရီးသည် ၃၀၀ ခန့်...
တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) (၃၂)ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သလို အလံတင်အခမ်းအနား၊ အားကစားသမားများ အခမ်းအနားသို့ ဝင်ရောက်လာခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း စသည့်တို့...
လေးဂို့စ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက် Zamfara ပြည်နယ်၌ ဓားပြများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နောက် သေနတ်သမားများက ပြန်ပေးဆွဲခဲ့သည့် လူ ၁၁ ဦးအား ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။ ဇူလိုင်...
ကီတို၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်နှစ်ခုတွင် ဇူလိုင် ၂၁ ရက် ညပိုင်းက အဓိကရုဏ်းဖြစ်ပွားမှုများကြောင့် အနည်းဆုံး အကျဉ်းသား ၂၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရဝန်ကြီး Alexandra Bella က ဇူလိုင် ၂၂ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင်...