ဆိုးလ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ခက်ခဲနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အိမ်ပြာတော်မှ ဒီဇင်ဘာလ ၁၂ ရက်က ပြောကြားလိုက်သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sukhumvit ရပ်ကွက်တွင် ရန်ပွဲတစ်ခုဖြစ်ပြီးနောက် ပြင်သစ်နိုင်ငံသားတစ်ဦးကို ပစ်သတ်မှုအတွက် ထိုင်းရဲအရာရှိတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
နယူးယောက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) စမတ်ဖုန်းများနှင့် ဗီဒီယိုဂိမ်းများ ကြည့်ရှုချိန် တစ်နေ့လျှင် ၇ နာရီကျော် အသုံးပြုသည့် ကလေးငယ်များမှာ “ဦးနှောက်အပြင်လွှာက အချိန်မတိုင်မီ ကြုံ့သွားနိုင်ကြောင်း” လေ့လာမှုအသစ်နှင့် လက်ရှိလုပ်နေဆဲ လေ့လာမှုတစ်ခုက ဖော်ပြထားသည်။
ရာဘက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ ရေတပ်သည် မြေထဲပင်လယ်အတွင်း အာဖရိကမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၉၈ဦးကို ကယ်ဆယ်ခဲ့ပြီး ရုပ်အလောင်း ၂လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း မော်ရိုကို စစ်တပ်က ဒီဇင်ဘာ ၁၁ရက်တွင် ကြေညာခဲ့သည်။
ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ IS စစ်သွေးကြွတို့၏ ယခင်ခြေကုပ်စခန်းဟောင်းတစ်ခုတွင် ရာနှင့်ချီသော လူသေအလောင်းများမြှုပ်နှံထားသည့် ဂူသချုႋင်း ၇ ခု ကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA က ဒီဇင်ဘာ ၁၁ရက်တွင်ဖော်ပြခဲ့သည်။
ဘန်ကောက်၊ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများအနေဖြင့် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ၎င်းတို့၏မဲဆွယ်မှုအစီစဉ်ကို လွတ်လပ်စွာ စတင်လုပ်ဆောင်ခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Queretaro ပြည်နယ် ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အပြင်ဘက် တွင် ဒီဇင်ဘာ ၁၁ ရက်က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ပါရီ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ခရစ္စမတ်စ်ဈေးတစ်ခုအနီး၌ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၁၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုအား အသေခံကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးသွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။