ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ နန်ဂါဟာပြည်နယ် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားရေးမှူး Qurishi Badlon က...
ဒမတ်စကပ်စ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အစ္စရေးက ဆီးရီးယားနိုင်ငံအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ဆိုးရွားသည့်အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်နှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအား အစ္စရေး၏ တိုက်ခိုက်မှုများအပြီးတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားခဲ့ ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံသည် နိုင်ငံတကာ ဥပဒေပါပြဋ္ဌာန်းချက်များအရ...
ကင်ဘာရာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါအမျိုးအစားသုံးမျိုးမှ မကြုံစဖူးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားသိပ္ပံအေဂျင်စီမှ ကျွမ်းကျင်သူများကပြောသည်။ ဓနသဟာယသိပ္ပံနှင့် စက်မှုသုတေသနအဖွဲ့၏ ဩစတြေးလျရောဂါ ကြိုတင်ပြင်ဆင်ရေးဗဟိုဌာနမှ ပညာရှင်များဖြစ်သည့် ဒယ်ဘီအီးဂဲစ်နှင့် ဖရန့်ခ်ဝေါင်တို့က ဩစတြေးလျတွင် ပြင်းထန်သည့် ရောဂါဖြစ်စေနိုင်သော H7 ကြက်ငှက်တုပ်ကွေးမျိုးကွဲ သုံးမျိုးကို ၂၀၂၄ ခုနှစ်၌...
ခတ္တမန္ဒူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) နီပေါကွန်မြူနစ်ပါတီဥက္ကဋ္ဌ ကေပီရှာမာအိုလီသည် နီပေါနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင် ၁၅ ရက်က သမ္မတအိမ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ အသက် ၇၂ နှစ်အရွယ် အိုလီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတ ရမ်ချန်ဒရာပူဒယ်အမှူးပြု၍ ကျင်းပခဲ့ပြီး ယခုအကြိမ်သည် အိုလီ၏ လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ကို...
မီလ်ဝေါ်ကီ၊ အမေရိကန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် လပေါင်းများစွာ ထင်ကြေးပေးခံခဲ့ရသော အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပါတီ၏ တရားဝင်အမည်စာရင်းတင်သွင်းရန် ဇူလိုင် ၁၅ ရက်က ကိုယ်စားလှယ်မဲအရေအတွက် အလုံအလောက်ရရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ရက်အကြာက လုပ်ကြံရန်ကြိုးပမ်းမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော သမ္မတဟောင်း ထရမ့်သည်...
ကိုလံဘို၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) အမျိုးသားသွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးယူနစ်မှ ဇူလိုင် ၁၃ ရက်က ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ ယခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ယခုနှစ် အစပိုင်းမှစတင်၍ ရောဂါဖြစ်ပွားသူ ၃၀,၀၅၇ ဦးရှိပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း၊...
ကဘူးလ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ခြောက်လအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ ဝက်သက်ရောဂါကြောင့် လူ ၁၆၀ သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အစီရင်ခံစာအရ ယခုနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၃၆,၆၁၈ ဦးနှင့် သေဆုံးသူ ၁၆၀...
နာဂွန်၊ အိန္ဒိယ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နာဂွန်ခရိုင်ရှိ စပါးစိုက်ခင်းများတွင် စပါးပျိုးပင်စိုက်ပျိုးခြင်းဖြင့် လယ်သမားများ အလုပ်များလျက်ရှိသည်။ ဆန်စပါးသည် အာသံပြည်နယ်တွင် အရေးပါဆုံး ကောက်ပဲသီးနှံဖြစ်ကာ ပြည်နယ်အတွင်း ကောက်နှံအစေ့အဆန် ထုတ်လုပ်မှုအလုံးစုံ၏ ၉၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua) …………………………………….....
အီကွာလာဒါ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) နှစ်စဉ်ကျင်းပမြဲဖြစ်သော ဥရောပမီးပုံးပျံပွဲတော်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ အီကွာလာဒါမြို့ငယ်လေးတွင် ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ခမ်းနားစွာကျင်းပသော ယင်းပွဲတော်သို့ ကမ္ဘာတစ်ဝန်းမှ မီးပုံးပျံအသင်း ၅၀ ခန့် ပါဝင်ဆင်နွှဲခဲ့သည်။ (Xinhua) …………………………………….. (Chinese...
ဆန်ဘရူနို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ AT&T ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအားလုံးနီးပါး၏ နံပါတ်၊ ဖုန်းခေါ်ဆိုမှုကြာချိန် နှင့် စာတိုပေးပို့မှု စသည့်အချက်အလက်များအား ဟက်ကာများက ခိုးယူခဲ့ကြောင်း ဇူလိုင် ၁၂ ရက်တွင် ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua) ……………………………. (Chinese Version) 美国电话电报公司:用户数据遭窃取...