အက်ကရာ ၊ ဂါနာ ၊ မတ် ၇ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံ၏ နှစ် ၆ဝ မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့တော် အက်ကရာ(Accra) ရှိ ပြည်သူ့ရင်ပြင်၌ မတ်လ ၆ ရက်က ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားတွင် နိုင်ငံအတွင်းရှိ ဒေသဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဝါရှင်တန် ၊ မတ် ၇ ရက်(ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်က မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပနားမား စီးတီး၊ မတ် ၇ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ အလယ်ပိုင်းတွင် မတ် ၅ ရက်နေ့က ဘတ်စ်ကားတစ်စီး တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများ ကဖောြ်ပခဲ့သည်။
ခတ္တမန္ဒူ ၊ မတ် ၇ ရက်(ဆင်ဟွာ) အသက် ၈၆ နှစ်အရွယ်ရှိ နီပေါလူမျိုး ဂေါရခါးစစ်သားဟောင်း အဖိုးအိုတစ်ဦးသည် ကွိုမိုလန်မ ( Qomolangma) တောင်တက်မည်ဟု ထုတ်ဖော်ကြေညာလိုက်ရာ ထိုတောင်တက်မည့် ကမ္ဘာ့အသက်အကြီးဆုံးလူသား တစ်ဦးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ၊လောက်ကိုင်ဒေသအတွင်း MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်) မှ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက် ခြင်း နှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ သေကြေ ထိခိုက်စေပြီး ဒုက္ခ ကြုံတွေ့စေသော လက်နက်ကိုင်တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့...