ဖျာပုံ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြစ်ထဲသို့ မြန်မာနှစ်ဆန်း(၁)ရက် ဇီဝိတဒါန အလှူအဖြစ် ငါးအကောင်ရေ ၈ သောင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်း ကုန်လွန်၍ ၁၃၈၆ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညဦးပိုင်း အခါသမယ တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူး ပြည်သူများ၊ ကုသိုလ် ကောင်းမှု လာရောက်ပြုလုပ်ကြသူများဖြင့် စည်ကားလျှက်ရှိသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) ညနေပိုင်း ဘုရားဖူးများ လာရောက်ဖူးမျှော် ကုသိုလ်ပြုကြသည့် မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ/သား ၃,၀၀၀ ကျော်ကို ယနေ့ (ဧပြီ ၁၇ ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့်...
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Scholz တို့သည် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် တရုတ်-ဂျာမနီ စီးပွားရေး အကြံပေးကော်မတီ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်အတူ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)...