ဘေရွတ်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် အလွှာအသီးသီးတွင် လက်ဘနွန်အား အထောက်အကူပေးရန် အသင့်ရှိကြောင်း ဘေရွတ်မြို့တွင် စက်တင်ဘာ ၂၈ ရက်က ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် နာအင်း ကက်ဆမ်နှင့် တွေ့ဆုံစဉ် အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက ပြောကြားခဲ့သည်။ “အီရန်နိုင်ငံဟာ လက်ဘနွန်နိုင်ငံနဲ့...
ဝူဟန့်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) “စိမ်းစိုသောရေနှင့် မိုင်ထောင်ချီစီးဆင်းနေသော သံယောဇဉ် – ခေတ်သစ် ယန်ဇီမြစ် စီမံခန့်ခွဲမှု၏ အောင်မြင်မှု ဉာဏ်စနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” Think Tank အစီရင်ခံစာကို ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank အဖွဲ့သည် စက်တင်ဘာ ၂၆ ရက်တွင်...
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏အဓိကလေဆိပ်ကြီးနှစ်ခုဖြစ်သည့် ပေကျင်းမြို့တော်နိုင်ငံတကာလေဆိပ် နှင့်ပေကျင်း Daxing နိုင်ငံတကာလေဆိပ်တို့တွင် လာမည့် ဆောင်းဦးလယ်ပွဲတော်နှင့် အမျိုးသားနေ့အားလပ်ရက်များတွင် ခရီးသည် ခရီးစဥ် ၂.၉၈ သန်း ကိုင်တွယ်ဆောင်ရွက်ရမည်ဟု ခန့်မှန်းထားကြောင်း လေဆိပ်များ၏အဆိုအရ သိရသည်။ ယခုနှစ်၏အမျိုးသားနေ့အားလပ်ရက်များမှာ အောက်တိုဘာ ၁ ရက်မှ ၈...
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပင်လယ်ရေအောက် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စုစုပေါင်း အရှည်သည် ကီလိုမီတာ ၁၀,၀၀၀ ကျော်လွန်ခဲ့ပြီဖြစ်ပြီး အဆိုပါကဏ္ဍတွင် နိုင်ငံ၏ အင်ဂျင်နီယာနည်းပညာနှင့် စက်ပစ္စည်းကိရိယာများ စွမ်းဆောင်နိုင်စွမ်း ကျယ်ပြန့်လာသည့် တိုးတက်မှုသင်္ကေတတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။...
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) စက်တင်ဘာ ၃၀ ရက် နံနက်တွင် တရုတ်နိုင်ငံ မြို့တော်၊ ပေကျင်းမြို့လယ်ရှိ ထျန်းအန်းမန်ရင်ပြင်၌ ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးလေပြီးသော နိုင်ငံ့သူရဲကောင်းများအတွက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အခြား ပါတီခေါင်းဆောင်များ၊ နိုင်ငံတော်အဆင့် ခေါင်းဆောင်များက ဂုဏ်ပြုပန်းခြင်းများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။...