ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ယူကရိန်းက အမေရိကန်ထံ မြေရှားသတ္တု စသည့် အရင်းအမြစ်များ ပံ့ပိုးပေးခြင်းဖြင့် ယူကရိန်းအပေါ် အမေရိကန်၏ကူညီပေးမှုများကိုရယူရန် ၎င်းအနေဖြင့် မျှော်လင့်သည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။ “ကျွန်တော်တို့က ယူကရိန်းနဲ့ သဘောတူညီချက်တစ်ခု...
မက္ကဆီကိုမြို့၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ထရမ့်က ၎င်းသည် မက္ကဆီကို သမ္မတ Sheinbaum Pardo နှင့် “ချစ်ကြည်ရင်နှီးသော ဆွေးနွေးမှု” ပြုလုပ်ခဲ့ရာ နှစ်ဖက်အနေဖြင့် စည်းကြပ်ခွန် တိုးမြှင့်မှု အစီအမံဖော်ဆောင်ခြင်းကို ချက်ချင်း တစ်လကြာ ယာယီ ဆိုင်းငံ့ထားပြီး စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားရန်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သာကေတစက်မှုဇုန်တွင် တည်ရှိသော သာကေတ မိကျောင်းမွေးမြူရေးစခန်းသည် ထိန်းသိမ်းစောင့်ရှောက်မှု၊ အသိပညာပေးမှုနှင့် စွန့်စားမှုတို့ကို ပေါင်းစပ်ထားသော လျှို့ဝှက်ရတနာ တစ်ပါးပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိကျောင်းမွေးမြူရေးစခန်း ဖြစ်သည့်အလျောက် ယင်းသည် နိုင်ငံ၌ မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရေငန်မိကျောင်းများကို ကာကွယ်စောင့်ရှောက်ရာ၌...
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဖေဖော်ဝါရီ ၄ ရက်၌ သတင်းဖော်ပြခဲ့သည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်က...
၂၀၂၆ ခုနှစ်တွင် လွှတ်တင်ရန် စီစဉ်ထားသော တရုတ်နိုင်ငံ၏ Chang’e-7 လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်မှာ ရေရှာဖွေရန်နှင့် လပေါ်တွင် လူသားတို့၏ ရေရှည် လှုပ်ရှားဆောင်ရွက်မှုများအတွက် အလွန်အရေးပါသည့် နောက်ဆုံးပေါ် နည်းပညာများကို စမ်းသပ်ရန် လ၏ တောင်ဝင်ရိုးစွန်းအား ပစ်မှတ်ထားမည်ဖြစ်ကြောင်း China Media Group က ဖေဖော်ဝါရီ ၃...