ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)တို့ အပြန်အလှန် အကျိုးတူပူးပေါင်း ကာ ကုန်စည်ဆက်သွယ်မှု ပြုလုပ်ခဲ့သည်မှာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ထိုသို့ အပြန်အလှန်ဆက်သွယ်မှု ကုန်စည်ရောင်းဝယ်မှု ပြုလုပ်ခြင်းမှာ ၁၉၉၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၉၆ ဘီလီယံ မှ ယမန်နှစ်တွင် ၄၇၂...
လာဆာ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Drepung ဘုန်းတော်ကြီးကျောင်းကို ဘုန်တော်ကြီး Jamyang Choge Tashi Palden ဆိုသူက 1416 ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီဖြစ်ပြီး 2016 ခုနှစ်တွင် နှစ်ပေါင်း ၆ဝဝ တိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းမှာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လာဆာမြို့ တောင်စောင်းတွင် တည်ရှိသည်။...
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ် ပေကျင်း မာရသွန် အပြေးပြိုင်ပွဲ၌ အီသီယိုးပီးယားနိုင်ငံမှ အပြေးသမားများက အမျိုးသား ပြိုင်ပွဲတွင် ဆုများကို သိမ်းကျုံး ရယူနိုင်ခဲ့ပြီး အမျိုးသမီး ပြိုင်ပွဲ၌လည်း ထိပ်တန်း ဆုနှစ်ဆုအား ဆွတ်ခူး ရရှိသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား နိုဝင်ဘာ လဆန်းခန့်တွင် ကျင်းပနိုင်ရေး မူများအား ပဉ္စမ အကြိမ် နိုင်ငံရေးဆွေးနွေးမူဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေးတွင် ညှိနှိုင်းရရှိခဲ့ကြောင်း အစည်းအဝေးသို့အစိုးရ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည့် ဦးလှမောင်ရွှေထံမှ သိရသည်။
ဘရာတစ္စလာဗာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) နယ်စပ် ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူငယ်များ၏ အနာဂတ်အတွက် နှင့်ပတ်သက်၍ ဥရောပ ခေါင်းဆောင်များအား အလေးထားရန် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက စက်တင်ဘာလ ၁၆ ရက်က တိုက်တွန်းလိုက်သည်။