ထျန်းကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဥာဏ်ရည်တုကုန်စည်ပြပွဲတွင် Tesla ပြခန်း၌ ပြသထားသည့် ခေတ်မီဆန်းသစ်သော Cybertruck က သိသိသာသာ စိတ်ဝင်တစား အာရုံစိုက်မှု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua) ————————— Tesla Cybertruck...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်းစေရန် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ခေတ်မီစံပြကျေးရွာ ၄၀ ရွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်းက ဆင်ဟွာကို ပြောကြားခဲ့သည်။
ဂျေရုဆလမ်/ဘေရွတ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အစ္စရေးနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အကြား အခြေအနေ တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့သည်။ အစ္စရေးက ဇွန် ၂၀ ရက်တွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို တိုက်ခိုက်ခဲ့ရာ ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦး သေဆုံး ခဲ့သလို ဟစ်ဇ်ဘိုလာကလည်း ချက်ချင်းဆိုသလို အစ္စရေးနိုင်ငံမြောက်ပိုင်းကို...
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ယနေ့ (ဇွန် ၂၂ ရက်) ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။ ၁။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဖိန်ယွမ်ခရိုင်တွင် မိုးသက်မုန်တိုင်းကြောင့် လူ ၃၈ ဦးသေဆုံး၊ ကယ်ဆယ်ရေးလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက် ၂။ ချီလီနိုင်ငံ၌...