ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နှစ်သစ်အစကာလမှာ နှစ်သစ်ခရီးစဉ်များစတင်နိုင်ရန် ရထားတွဲများ အတန်းလိုက်ရပ်ကာ အသင့်ပြင်ထားပါတယ်။ “ကုန်းပေါ်က လေယာဉ်တင်သင်္ဘောအုပ်စု” အလား ရထားတွဲများ စုစည်းထားတဲ့အပေါ် အင်တာနက် အသုံးပြုသူများကလည်း “တရုတ်အမြန်နှုန်း” အတွက် ချီးကျူးကြပါတယ်။ (Xinhua) ————————————————————————————– (Chinese Version) 新年伊始,一列列动车组整齐排列,准备开启新一年的旅程,·陆地航母“新年震撼集结,网友:为中国速度点赞! 视频:https://www.facebook.com/share/v/uYD9WihYG3jTwDPA/
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းဆိုင်ရာ သုတေသနစင်တာ ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သုတေသနစင်တာအား ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဖူကျန့်ပြည်နယ်ရှိ ကျန်းကျိုး နျူကလီးယားစွမ်းအင် စီမံကိန်း၏ ပထမဆုံး ဓာတ်အားထုတ်လုပ်ရေးယူနစ်အား စီးပွားရေးလုပ်ငန်းသုံးအတွက် စတင်လည်ပတ်လျက်ရှိကြောင်း တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်းထံမှ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ပေါင်းစပ်အသုံးပြုမှု တိုးမြှင့်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်နှစ်မျိုးအား ပြည့်မီရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းသည် ပြည်တွင်း၌ တီထွင်ထုတ်လုပ်သော တတိယမျိုးဆက် ဓာတ်ပေါင်းဖို...
ဆိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်တော်အဆောက်အအုံရှေ့တွင် ရာထူးမှ ရပ်ဆိုင်းထားခံရသော သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့်ကို သမ္မတလုံခြုံရေးဌာနတပ်ဖွဲ့ အကြီးအကဲထံ ပြသခဲ့သော်လည်း လုံခြုံရေးဌာနတပ်ဖွဲ့ အကြီးအကဲက “ရှာဖွေခွင့်မပြုကြောင်း” ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား “ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်” က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဟားအယ်ပင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ကျားမုစီးမြို့ ဖုကျင်မြို့လေးရှိ ဆုန်းဟွားမြစ်ကမ်းတစ်လျှောက်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ဥတ္တရအလင်းတန်းများထွက်ပေါ်နေမှုကို ရိုက်ကူးရရှိခဲ့သည်။ ထိုနေ့သည် ၂၀၂၅ ခုနှစ် နှစ်သစ်ပထမဆုံးနေ့ဖြစ်ပြီး ဟေးလုံကျန်းပြည်နယ် ကျားမုစီးမြို့ ဒေသအများအပြားတွင် တောက်ပသော ဥတ္တရအလင်းတန်းများ...