ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကာတာအား အစ္စရေးတိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
ဒူဘိုင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အသိပညာဖလှယ်မှု အားကောင်းစေရန် တရုတ်တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ယူအေအီးနိုင်ငံမှ ကျောင်းသားများကို စုစည်းရန် ရည်ရွယ်၍ တရုတ်နိုင်ငံတွင် လူငယ်ကောင်စီကို ထူထောင်မည်ဖြစ်ကြောင်း သိရသည်။ ပေကျင်းတွင် နိုဝင်ဘာလ၌ စတင်ထူထောင်မည့် အဆိုပါကောင်စီသည်...
အက်ခရာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပထမဆုံး တရုတ်-ဆီရာလီယွန် “ပထမဆုံးတွေ့မြင်သူ” အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုစင်တာကို စက်တင်ဘာ ၁၀ ရက်တွင် ဆီရာလီယွန်နိုင်ငံ မြို့တော်ဖရီးတောင်းရှိ တရုတ်-ဆီရာလီယွန် ချစ်ကြည်ရေးဆေးရုံ၌ တရားဝင်စတင်အသုံးပြုခဲ့သည်။ အဆိုပါစီမံကိန်းသည် ဒေသတွင်း အရေးပေါ်တုံ့ပြန်မှု စွမ်းရည်အား စနစ်တကျမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
မွန်တီနီဂရိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဥရုဂွေး ဘောလုံးအသင်းသည် ၂၀၂၆ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် မက္ကဆီကို၊ အမေရိကန် ဘောလုံးအသင်းများနှင့် နိုဝင်ဘာလတွင် ချစ်ကြည်ရေးဘောလုံးပွဲများ ကစားမည် ဖြစ်ကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ချုပ်(AUF) က စက်တင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။ ဥရုဂွေးလက်ရွေးစဥ်ဘောလုံးအသင်း Celeste...
ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ၁၂ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ်အတွက် ကြိုတင်ပြင်ဆင်မှုများသည် အခြေခံအားဖြင့် ပြီးမြောက်ခဲ့ပြီး ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် မီဒီယာ သတင်းထောက် ၁,၈၀၀ ခန့်က ထိုအခမ်းအနားသို့ တက်ရောက်ရန် စာရင်းပေးသွင်းပြီးဖြစ်ကြောင်း ၎င်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က စက်တင်ဘာ ၁၁ ရက်၌ သတင်းစာရှင်းလင်းပွဲတွင်...