တရုတ်တိုင်းရင်းဆေးဆရာဝန်ဖြစ်သော စီးမင်သည် ယူအက်ဖ်စီ (UFC) ဗိုလ်လုပွဲတွင် ပြိုင်ဘက်အား အလဲထိုးအနိုင်ယူပြီးနောက် ၎င်း၏လျှို့ဝှက်ချက်ကို မိဘများအား အချိန်ကြာကြာ ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။ အသက် ၃၀ နှစ်အရွယ် စီးမင်သည် လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ရုံသာမက လက်ဝှေ့ကြိုးဝိုင်းအပြင်ဘက်တွင်မူ အချိန်ပြည့်ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ (Xinhua) …………………………………….. (English Version) The two...
ဆန်းရ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် တိုင်းရင်းသား ရိုးရာအားကစားပြိုင်ပွဲ၌ ကွမ်တုန်းအားကစားသမားများသည် ဝါးလုံးတန်းပေါ်တွင် တိကျသော နောက်ပြန်ကျွမ်းများထိုးကာ ဖျော်ဖြေတင်ဆက်ခဲ့သည်။ (Xinhua) …………………………………….. (English Version) Stunning! Athletes perform precision...
နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ တရားဝင်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၂၉ ရက်၌ ကြေညာခဲ့သည်။...
တရုတ်နိုင်ငံသည် ကျေးလက်လမ်းများ တည်ဆောက်မှုတွင် စုစုပေါင်းလမ်းအရှည် တိုးတက်လာခြင်း၊ နည်းပညာစံချိန်စံညွှန်းများ မြင့်မားလာခြင်းနှင့် အသုံးပြုရပိုမိုကောင်းမွန်လာခြင်း စသည့် ထင်ရှားသော အောင်မြင်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက နိုဝင်ဘာ ၂၉ ရက်၌ ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZcJ...
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က မဟာဗျူဟာမြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုအား ဂျပန်ပင်လယ်၌ ပြုလုပ်ခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၉ ကြိမ်မြောက်ဖြစ်သည့် အဆိုပါ ကင်းလှည့်မှုအား တပ်မတော်နှစ်ရပ်အကြား နှစ်စဉ်ပြုလုပ်မြဲ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua) …………………….. (English Version)...