ဆိုးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယား စစ်တပ်က တောင်-မြောက် စစ်ရေးနယ်နိမိတ် တောင်ဘက်ကို တန်ပြန်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထို့အပေါ် မြောက်ကိုရီးယားက လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
ရှင်းကျန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီ၌ ကမ္ဘာ့မီဒီယာခေါင်းဆောင်များ စုဝေးခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီတို့ အောက်တိုဘာ ၁၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် နှစ်ဖက်အနေဖြင့် တရုတ်-အီရန် ဆက်ဆံရေးကို အပြုသဘော သုံးသပ်မှုပြုခဲ့ကြပြီး အလွှာစုံကူးလူးဆက်ဆံမှုကို...
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ကမ္ဘာတစ်ဝန်း ဆိုက်ဘာထောက်လှမ်းမှုတွင် ပါဝင်ခဲ့သလို စုံစမ်းစစ်ဆေးသူများ၊ သုတေသီများနှင့် အခြားနိုင်ငံများ၏ ရပ်တည်ချက်များကို အထင်အမြင်လွဲမှားစေရန် အန္တရာယ်ရှိသောလုပ်ဆောင်မှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဆိုက်ဘာခြိမ်းခြောက်မှုဟု စွပ်စွဲထားသည့် “Volt Typhoon” ကို စုံစမ်းစစ်ဆေးမှုအရ သိရသည်။
ရှီးအန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ၏ တိုးတက်ဖြစ်ပေါ်မှု အဆင့်သစ်၌ “အစိမ်းရောင်” နှင့် “ဒစ်ဂျစ်တယ်” စသည်တို့က အဓိကအကြောင်းအရာများအဖြစ် ပေါ်ထွက်လာခဲ့သည်ဟု ဆင်ဟွာ သတင်းအေဂျင်စီနှင့် ပူးပေါင်းထားသော တတ်သိပညာရှင်အဖွဲ့ Xinhua Institute က အောက်တိုဘာ...