အေသင်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လျှပ်စစ်ကားထုတ်လုပ်ရေး XEV ကုမ္ပဏီမှ ထုတ်လုပ်သော XEV YOYO လျှပ်စစ်ကားသည် ဂရိဈေးကွက်သို့ ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်လာခဲ့သည်။
လားဆ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မှတ်ပုံတင်ထားသော နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီ အရေအတွက်မှာ ၂၀၂၃ ခုနှစ်အတွင်း ၁,၀၄၅ ခု ရှိခဲ့ရာ ၂၀၂၂ ခုနှစ်ကထက် ၂၆.၅၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း လားဆမြို့ အကောက်ခွန်ဌာနမှ နောက်ဆုံးရအချက်အလက်များအရ သိရသည်။
မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်-အမေရိကန် ဆက်ဆံရေး ခိုင်မာ၊ တည်ငြိမ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဝူးလူမုချီ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Burqin ခရိုင်တွင် တည်ရှိသော ဟဲမူကျေးရွာသည် မျက်စိပသာဒဖြစ်ဖွယ် မြေယာအခင်းအကျင်းကို ပိုင်ဆိုင်ထားသည်။နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ဒေသများစွာမှ ခရီးသွားဧည့်သည်များကို ကြိုဆိုရန် ဟဲမူကျေးရွာ၌ ကျေးလက်ရိုးရာအစီအစဉ်များ ပြုလုပ်ခဲ့သည်။အဆိုပါ အစီအစဉ်များတွင် စကိတ်စီးခြင်း၊ ရိုးရာလေးပစ်ခြင်းနှင့်...
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းနှင့် ၃ ကြိမ်မြောက် သမ္မတလောင်း ပရာဘိုဝို ဆူဘီယမ်တို (Prabowo Subianto) က အနိုင်ရရှိကြောင်း၊ ယင်းမှာ အင်ဒိုနီးရှားနိုင်ငံသားများအားလုံး၏ အောင်ပွဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က ကြေညာခဲ့သည်။