ကိုလံဘို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားရေး ပဏာမခြေလှမ်းသစ် တစ်ရပ်အဖြစ် စာသင်ကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံးကို နေ့စဉ် အားကစား လေ့ကျင့်ခန်းအစီအစဉ်များ စတင်လုပ်ဆောင်စေမည်ဖြစ်ကြောင်း သီရိလင်္ကာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ဩဂုတ် ၂၃ ရက်၌ ပြောကြားမှုအရ သိရသည်။
ကုလသမဂ္ဂ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် တင်းမာမှုအခြေအနေကို အရှိန်လျော့စေရန်နှင့် ယင်းဒေသ၌ ပိုမိုကျယ်ပြန့်စွာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် တရုတ်သံတမန်တစ်ဦးက နိုင်ငံတကာအသိုင်းအဝိုင်းအား ဩဂုတ်လ ၂၂ ရက်၌ တောင်းဆိုလိုက်သည်။
-လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်သစ်များ စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကြီးကြပ်ကွပ်ကဲခဲ့ဟု KCNA ဖော်ပြ -တရုတ်နိုင်ငံ၏ ခေတ်မီ လယ်ယာစိုက်ပျိုးရေး နည်းလမ်းများကို နမူနာယူကျင့်သုံးရန် ပါကစ္စတန် ဝန်ကြီးချုပ်က ကျောင်းသားများအား တိုက်တွန်း -ယူကရိန်း ဒရုန်းများကို ထပ်မံပစ်ချနိုင်ခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြော -တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ အကူအညီက တွန်ဂါနိုင်ငံ၏...
ပေကျင်း၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ၎င်းအရည်အသွေးဆိုင်ရာ တည်ငြိမ်သော တိုးတက်မှု ဆက်လက်မြှင့်တင်ရန် ယုံကြည်မှုရှိပြီး ကောင်းမွန်စွာ ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ မိုးဖွဲလေးများရွာသွန်းလျက်ရှိသည့် နံနက်ခင်းတစ်ခုတွင် သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၁၅ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းဝင်းအတွင်း အဖြူနှင့် အစိမ်း ဆင်တူကျောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၅၀ တို့သည် နေ့စဉ်စွန့်ပစ်အမှိုက်များဖြစ်သော စားကြွင်းစားကျန်များ၊ သစ်ရွက်များဖြင့်...