ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) လက်ရှိတွင် တရုတ်နိုင်ငံ၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ အသိအမှတ်ပြုထားသော ကမ္ဘာ့ဇီဝအဝန်းနယ်မြေ ၃၄ ခု ရှိပြီဖြစ်ပြီး စုစုပေါင်း အရေအတွက်အားဖြင့် အာရှတွင် ပထမနေရာ၌ ရပ်တည်လျက်ရှိသည်။ ဤထိန်းသိမ်းရေးနယ်မြေများသည် တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲနှင့်...
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ လေးနှစ်အတွင်း ဥာဏ်ရည်တု (AI) အခြေခံအဆောက်အအုံနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း Microsoft (မိုက်ခရိုဆော့ဖ်) ကုမ္ပဏီက စက်တင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။
ဝယ်လင်တန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) မျက်လုံးဝါပင်ဂွင်း သို့မဟုတ် ဟွိုင်ဟိုဟုခေါ်ဆိုသော ရှားပါးတိရစ္ဆာန်မျိုးစိတ် မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေကို ကာကွယ်နိုင်ရေးအတွက် နယူးဇီလန်အစိုးရတာဝန်ရှိသူများက အော့တာဂိုကျွန်းဆွယ်တစ်ဝိုက်တွင် ပိုက်ဖြင့်ငါးဖမ်းခြင်းများမပြုလုပ်ရန် အရေးပေါ် တားမြစ်ပိတ်ပင်မှုအား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ရွှေနှင့်ငွေ အထိမ်းအမှတ်ဒင်္ဂါးပြားများ ထုတ်ဝေမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်က စက်တင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။
တိုကျို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တိုကျိုမြို့တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ စက်တင်ဘာ ၁၆ ရက် တွင် အမေရိကန်နိုင်ငံမှ Cordell Tinch က အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သည်။