ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ဆုန်ခလာပြည်နယ်၌ နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ မကြုံစဖူးမိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို ထိုင်းနိုင်ငံအစိုးရက တုံ့ပြန်ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အထူးကြီးကြပ်ကွပ်ကဲမှု စင်တာတစ်ခုကို တည်ထောင်ပြီးနောက်...
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော တွန်ဂါနိုင်ငံ ဘုရင် Tupou VI နှင့် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က...
ဟဲဖေ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်၏ မြို့တော်ဟဲဖေတွင် ပေါင်းစပ်စွမ်းအင်လောင်ကျွမ်းသော ပလာစမာသုတေသနအား အဓိကထားသည့် နိုင်ငံတကာသိပ္ပံအစီအစဉ်တစ်ခုကို နိုဝင်ဘာ ၂၄ ရက်၌ စတင်ခဲ့သည်။ ယင်းက ပူးတွဲသိပ္ပံတိုးတက်မှုများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာသိပ္ပံပညာရှင်များအတွက် အဓိကပေါင်းစပ်စွမ်းအင်သုတေသနပလက်ဖောင်းများစွာ ဖွင့်လှစ်ပေးသည်။ တရုတ်သိပ္ပံအကယ်ဒမီ၏ ပလာစမာရူပဗေဒအင်စတီကျုမှ စတင်ခဲ့သည့် အဆိုပါ...
ကွေ့ယန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံးဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော (eVTOL) ယာဉ်ပျံက ကွေ့ကျိုးပြည်နယ်တွင် စမ်းသပ်ကုန်တင်ပျံသန်းမှု အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အလေးချိန်၂ တန်ရှိသော eVTOL ယာဉ်ပျံသည် မိနစ် ၄၀ အတွင်း ၁၁၈ ကီလိုမီတာ အကွာအဝေးကို ပျံသန်းနိုင်ကြောင်းသိရသည်။ (Xinhua) …………………………………….....
ဝါရှင်တန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအနေဖြင့် ဖြေရှင်းရန်ကျန်ရှိသည့် “သာမန်အသေးစိတ်အချက်အလက်များ” ဖြင့်သာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူအား ကိုးကားလျက် CNN သတင်း၌ နိုဝင်ဘာ ၂၅ ရက်က ဖော်ပြထားသည်။ “ယူကရိန်းက ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူပါတယ်။ ဖြေရှင်းစရာ အသေးစိတ်အချက်အလက်အချို့တော့ ရှိပါသေးတယ်။ ဒါပေမဲ့...