လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁၇ ရက်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်၌ တိုက်စစ်မှူးသစ် အလက်ဇန်းဒါး အီဆက်ခ်အား ပွဲဦးထွက်ကစားခွင့်ပေးရန် အဆင်သင့်ရှိနေသည်ဟု လီဗာပူးလ်အသင်း မန်နေဂျာဖြစ်သူ အာနယ် ဆလော့က ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာမှာ ဒဏ်ရာပြဿနာကြောင့် China Open တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း ပြိုင်ပွဲစီစဉ်သူများက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် Sun Chanthol နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) လက်ရှိတွင် တရုတ်နိုင်ငံ၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ အသိအမှတ်ပြုထားသော ကမ္ဘာ့ဇီဝအဝန်းနယ်မြေ ၃၄ ခု ရှိပြီဖြစ်ပြီး စုစုပေါင်း အရေအတွက်အားဖြင့် အာရှတွင် ပထမနေရာ၌ ရပ်တည်လျက်ရှိသည်။ ဤထိန်းသိမ်းရေးနယ်မြေများသည် တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲနှင့်...
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ လေးနှစ်အတွင်း ဥာဏ်ရည်တု (AI) အခြေခံအဆောက်အအုံနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း Microsoft (မိုက်ခရိုဆော့ဖ်) ကုမ္ပဏီက စက်တင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။