ချုံချင့်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့တွင် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော မုန်ညင်းပင်စည်များကို ခြင်းများထဲထည့်ကာ သယ်ယူပို့ဆောင်ရန်အတွက် ဒရုန်းများနှင့် စက်ရုပ်ခွေးများကို အသုံးပြုလျက်ရှိသည်။ ယင်းသို့ ခူးဆွတ်ထားသော ရာသီပေါ်သီးနှံများကို “ကျာ့ချိုက်” (သို့မဟုတ်) တရုတ်ရိုးရာချဉ်ဖတ်တစ်မျိုးဖြစ်သည့် မုန်ညင်းပင်စည်ချဉ်အဖြစ် အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua) …………………………………….. (English...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဖေဖော်ဝါရီလ ၁၄ ရက် ညနေခင်းက မြင်းနှစ်တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗုံသံများ ဟိန်း၍ညံကာ အနီရောင်မီးပုံးများ ထွန်းညှိလျက် ပရိသတ် ၁,၅၀၀ ကျော်ထက်မနည်းက စည်ကားသိုက်မြိုက်စွာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုဆင်နွှဲခဲ့ကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) နွေဦးပွဲတော်ခရီးသွားရာသီအတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ စိတ်ချသေချာမှုရှိစေရေး လုပ်ငန်းခွင်ဘေးကင်းရေး၊ လူမှုအခြေအနေတည်ငြိမ်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်အသွေး တိုးတက်ရေး၊ ပြည်သူများအတွက် အေးချမ်းပျော်ရွှင်သော အားလပ်ရက်ကာလဖြစ်စေရေးအတွက် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဖေဖော်ဝါရီ ၁၄ ရက်က အလေးထားမှာကြားခဲ့ကြောင်း သိရသည်။
မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်၍ စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်ရေးအတွက် ကနေဒါနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ရေးသားသော တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးလုပ်ငန်းဆောင်တာ အဓိကတာဝန်များဆိုင်ရာ ဆောင်းပါးကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ပုံနှိပ်ဖော်ပြမည်ဖြစ်ကြောင်း သိရသည်။