ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ လျှော့ချရေး မြှင့်တင်ရန်နှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကို ပူးတွဲထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၂ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သော နိုင်ငံများ၏ ကုန်းတွင်းနှင့် ကမ်းလွန် ရေနံစိမ်းသိုလှောင်မှုစွမ်းရည်ကို ၎င်းတို့၏ နေ့စဉ်ထုတ်လုပ်မှုစွမ်းရည်ဖြင့် ပိုင်းခြားသည့် သင်္ချာပုစ္ဆာတစ်ခုကို J.P. Morgan သုံးသပ်ပညာရှင်များ၏ မကြာသေးမီက နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ပြုလုပ်ခဲ့သည်။ အကယ်၍ ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ပါက ရေနံထုတ်လုပ်သော...
ဝါရှင်တန်၊ မတ် ၃ ရက် (ဆင်ဟွာ) အမေရိကန် ကွန်ဂရက်လွှတ်တော်အနေဖြင့် လာမည့် သီတင်းပတ်အတွင်း စစ်ပွဲဆိုင်ရာ အခွင့်အာဏာနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်သွားဖွယ်ရှိနေစဉ် အီရန်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးတိုက်ခိုက်မှုအပေါ် ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် လွှတ်တော်အမတ်များအကြား အကြီးအကျယ် သဘောထားကွဲလွဲလျက်ရှိသည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) စားပွဲဝိုင်းပေါ်မှာ သံတမန်ရေးရာဆွေးနွေးမှုလုပ်ဆောင်နေဆဲအခိုက်အတန့်မှာပဲ ဝါရှင်တန်က ရည်ရွယ်ချက်ရှိရှိဖြင့်ပင် လောင်ကျွမ်းစေခဲ့ပြီဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် နျူကလီးယားဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်နေဆဲမှာပင် ဝါရှင်တန်က အစ္စရေးနှင့်အတူ အီရန်၏ စစ်ရေး၊ နိုင်ငံရေး အထင်ကရပုဂ္ဂိုလ်များနှင့် အဆောက်အအုံများကို ပစ်မှတ်ထားကာ ပူးတွဲတိုက်ခိုက်ခဲ့ကြရာ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ...
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad Al Busaidi နှင့် မတ် ၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။