ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးညီလာခံမှ စက်တင်ဘာ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည့် စက်မှုလုပ်ငန်းအစီရင်ခံစာတစ်စောင်အရ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့ သည် ခရီးသွားလုပ်ငန်းအတွက် နယ်ပယ်ပေါင်းစုံအားကောင်းသည့် ကမ္ဘာ့ ထိပ်တန်းမြို့ကြီးများ စာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) UEFA စီမံခန့်ခွဲရေးကော်မတီက ၂၀၂၇ခုနှစ် ဗိုလ်လုပွဲကျင်းပမည့်နေရာအဖြစ် စက်တင်ဘာ ၁၁ ရက်တွင်ကြေညာခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းအိမ်ကွင်းဖြစ်သည့် မက်ထရိုပိုလစ်တာနို အားကစားကွင်းတွင် ချန်ပီယံရှစ် ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အေသင်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ၏အမျိုးသားပြည်သူ့ကျန်းမာရေးအဖွဲ့ (EODY) က ဂရိနိုင်ငံ၌ ၂၀၂၅ ခုနှစ် လက်ရှိအချိန်အထိ သေဆုံးသူ ငါးဦးအပါအဝင် West Nile ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၅ ဦး ရှိခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။
ဟုန်ဟယ် (ယူနန်)၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်းဖိန် မြောင်လူမျိုး၊ ရောင်လူမျိုး၊ တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၏ တောင်တန်းအသွယ်သွယ်ကြားတွင် မူလတန်း စာသင်ကျောင်းတစ်ကျောင်းသည် တောတောင်ရေမြေများကို ကျော်ဖြတ်လာသော ချစ်ကြည်ရေးတစ်ခုကို သက်သေထူလျက်ရှိသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တစ်ပတ်အတွင်း တရားမဝင်သစ် ၆၃.၉ တန်ကျော်နှင့်အတူ တရားခံ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၁၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။