ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများက တရုတ်မြင်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့သည်။အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia ၊ အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊...
ကိဗ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးနိုင်မည့် သဘောတူညီချက်အတွက် အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မြူးနစ်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားခဲ့ကြောင်း Ukrinform သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ကော်တီနာ ဒမ်ပက်ဇို၊ အီတလီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ ကော်တီနာ ဒမ်ပက်ဇိုမြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ အမျိုးသမီး ရေခဲပြင်ကျောက်ပြားဒိုးပစ် အားကစားပြိုင်ပွဲတွင် တရုတ်အသင်းက အိမ်ရှင်အီတလီအသင်းကို နောက်မှလိုက်ကစားကာ ၈-၇ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြူးနစ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဥရောပတို့အကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၏ မောင်းနှင်အားနှင့် နှစ်ဖက်အကြား မဟာဗျူဟာမြောက်ဆက်ဆံရေး တည်ငြိမ်အောင် ထိန်းသိမ်းပေးသည့် ကျောက်ဆူး ဖြစ်လာရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၄ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။