အော်စလို၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ သြဂုတ် ၃၀ ရက်က ကျင်းပခဲ့သော ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် ပါလက်စတိုင်းအရာရှိများအား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ငြင်းဆို ခဲ့သည့် မကြာသေးမီက ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြန်လည်စဉ်းစားရန် အမေရိကန်နိုင်ငံအား ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံခြားရေးဝန်ကြီးများက တညီတညွတ်တည်း တိုက်တွန်းလိုက်သည်။
အစ္စလာမ်မာဘတ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန် အရေးပေါ်အကူအညီအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သုံးသန်း ထေက်ပံ့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးများအနက် အကြီးဆုံးအဖြစ် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပတော့မည် ဖြစ်သည်။
ပေကျင်း၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ဒူရှန်ဘီ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အား စတင်တည်ထောင်ချိန်မှစ၍ SCO အနေဖြင့် ဒေသတွင်း ဆက်ဆံရေးကို အားပေးမြှင့်တင်ရာတွင်လည်းကောင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင်လည်းကောင်း အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ တိုးတက်အောင်မြင်၍ ဩဇာကြီးမားသော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်ဟု တာဂျစ်ကစ္စတန်...