ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၏ သမိုင်းဝင် ထောင်ရန်ထျင်အပန်းဖြေဥယျာဉ်က ဆောင်းရာသီအံ့ဖွယ်မြေတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ ၁၆ ကြိမ်မြောက် ရေခဲနှင့် ဆီးနှင်းကာနီဗယ်ပွဲတော်က နှင်းလျှောစီးခြင်း၊ ပင်ဂွင်းစီတန်းလှည့်လည်ခြင်း၊ ရေခဲပြင်ပျော်ရွှင်ဖွယ်အစီအစဉ်များနှင့် စည်ကားသက်ဝင်သော ဈေးပွဲတော်များကို ယူဆောင်လာပေးပြီး ယခုနှစ် ဆောင်းရာသီတွင် မြို့ကို နွေးထွေးမှုနှင့် မျှဝေပျော်ရွှင်မှုများဖြင့်...
ဆန်းရှီး၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်တွင် ဒရုန်းများက ဗို့အားမြင့် ဓာတ်အားလိုင်းများမှ ရေခဲများကို ဖယ်ရှားရှင်းလင်းရန်အတွက် လျှပ်စစ်စီးမှုကိုတားဆီးကာကွယ်နိုင်သည့် လျှပ်ကာတုတ်ချောင်းများကို သယ်ဆောင်သွားပြီး အရေးကြီးသော ဆောင်းရာသီ လုပ်ငန်းတာဝန်တစ်ခုကို ထမ်းဆောင်လျက်ရှိသည်။ ဤသည်မှာ လျှပ်စစ်မီး ဆက်လက်ထွန်းလင်းနေစေရန်နှင့်လျှပ်စစ်လုပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ပိုမိုစမတ်ကျသော နည်းလမ်းတစ်ခုပင်ဖြစ်သည်။ (Xinhua)...
နှင်းနဂါး၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသော “နှင်းနဂါး” ဝင်ရိုးစွန်း ရေခဲခွဲသင်္ဘောကြီးသည် အာမွန်းဆန်းပင်လယ်သို့ ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၂၄ ရက်တွင် ရောက်ရှိခဲ့ပြီး ကြိုတင်သတ်မှတ်ထားသော လုပ်ငန်းလုပ်ဆောင်ရာစခန်းနေရာတွင် အဏ္ဏဝါသမုဒ္ဒရာဖြတ်ပိုင်း စူးစမ်းလေ့လာရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ “နှင်းနဂါး” အဏ္ဏဝါသမုဒ္ဒရာလေ့လာရေးအဖွဲ့ခေါင်းဆောင်...
ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ထရမ့်က “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်ကို အစပြုခဲ့ပြီး ကုလသမဂ္ဂကို အစားထိုး၍ ဤအဖွဲ့အစည်းအသစ်၏ “တစ်ဦးတည်းသောပိုင်ရှင်” ဖြစ်လာရန် ကြိုးစားနေကြောင်း ဘရာဇီးသမ္မတ လူလာက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ “ထရမ့်က ကုလသမဂ္ဂကို တိုးတက်အောင် ပြုပြင်ပေးတာမဟုတ်ဘဲ...
ကွေ့ယန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့အန်းဒေသသစ်ရှိ ကွေ့ကျိုးဆီးပန်းဥယျာဉ်ကို ဇန်နဝါရီ ၂၄ ရက်က တရားဝင် စတင်ဖွင့်လှစ်ခဲ့ရာ ဆီးပန်းရှုစားရင်း လာရောက်လည်ပတ်ရန် ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ကွေ့ကျိုးဆီးပန်းဥယျာဉ်သည် ယခင်က ဂေဟစနစ်အားနည်းသော မြေရိုင်းတောင်ကုန်းဖြစ်သည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ “ဂေဟပြင်ဆင်ခြင်း +...