မော်စကို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကသိကအောက်အခြေအနေကို လျှော့ချရန် ရည်ရွယ်ထားသော အစည်းအဝေးကို ဝါရှင်တန်ဘက်က ပယ်ဖျက်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ဇွန် ၁၆ ရက်၌ ပြောကြားခဲ့သည်။ “ဒီလိုရပ်တန့်မှုကို သူတို့ အချိန်အကြာကြီးမယူဖို့တော့ ကျွန်မတို့ မျှော်လင့်ပါတယ်”...
ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့သို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် လိုက်ပါလာသောလေယာဉ် မဆင်းသက်မီ ကာဇက်စတန် ဂျက်တိုက်လေယာဉ်များက ရှီ၏ လေယာဉ်အား လိုက်ပါစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။ သမ္မတရှီသည် ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ကာဇက်စတန်နိုင်ငံ မြို့တော်အက်စ်တာနာသို့ ဇွန် ၁၆ ရက်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ (Xinhua) ………………….....
အက်စ်တာနာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်တို့သည် အက်စ်တာနာမြို့ရှိ သမ္မတအိမ်တော်တွင် ဒေသစံတော်ချိန် ဇွန် ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် နိုင်ငံတကာအပြောင်းအလဲများ၏ စမ်းသပ်မှုကို ဖြတ်သန်းကြရာတွင် အဆင့်မြင့်မားစွာလည်ပတ်မှုကို...
ကိုလံဘို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရက်သတ္တပတ်တစ်ပတ်ကြာ ကျင်းပမည့် တရုတ်- သီရိလင်္ကာ- မော်လ်ဒိုက် ခရီးသွားလုပ်ငန်းဖိုရမ်ကို ဇွန် ၁၆ ရက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ရာ အခမ်းအနားသို့ သုံးနိုင်ငံမှ အစိုးရ၊ ခရီးသွားနှင့် လေကြောင်းလုပ်ငန်း စသည့် လုပ်ငန်းလုပ်ကိုင်သူများနှင့် အထူးဖိတ်ကြားထားသော ပညာရှင်များ...
ကုလသမဂ္ဂ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန် ၁၆ ရက်တွင် ဆုံးဖြတ်ချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်မှုဖြင့် အတည်ပြုခဲ့ပြီး နှစ်စဉ် ဒီဇင်ဘာ ၄ ရက်အား “တစ်ဖက်သတ် အတင်းအဓမ္မအကျပ်ကိုင်ဆောင်ရွက်သော အစီအမံများ ကန့်ကွက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ်သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။ ဆုံးဖြတ်ချက်သည် ထောက်ခံမဲ...