သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၉၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၂၃.၁၂.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချီလီနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဟိုဆေး အန်တိုနီယို ကက်စ်ထံ ဒီဇင်ဘာ ၂၂ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ ချီလီနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ပထမဆုံး တောင်အမေရိကနိုင်ငံဖြစ်ကာ...
ဖူကျိုး၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တောင်ကမ်းပါးယံပေါ်မှာ လွင့်မြောနေပြီး ကော်ဖီသောက်ရန် စိတ်ကူးယဉ်အိပ်မက် မက်ဖူးပါသလော။ သံမဏိတောင်တက်လမ်းကြောင်းမှ တက်ရောက်ကာ ကော်ဖီအရသာမြည်းစမ်းကြည့်နိုင်သည့် ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင်ရှိ ကုရှီကျေးရွာကို ခရီးပြုလိုက်ပါ။ ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော အဆိုပါ ထူးခြားဆန်းပြားလှသော စီမံကိန်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ် တောင်တက်ခြင်း၊ ပညာရှင်အဆင့်...
ဆန်းမန်ရှာ (ဟဲနန်)၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဆောင်းရာသီဝင်လာသည်နှင့်အမျှ ငန်းဖြူအမြောက်အမြားသည် တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ ဆန်းမန်ရှာမြို့ရှိ မြစ်ဝါမြစ် စိမ့်မြေအရပ်သို့ လာရောက်ကာ ကျက်စားလျက် ဆောင်းခိုကြသည်။ မကြာသေးမီနှစ်များတွင် အဆိုပါဒေသသည် မြစ်ဝါမြစ်ကမ်းတစ်လျှောက်ရှိ စိမ့်မြေအရပ်ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို အဆက်မပြတ် အားကောင်းစေခဲ့သည်နှင့်အမျှ ငန်းဖြူအရေအတွက်မှာ နှစ်စဉ်တိုးပွားလာခဲ့သည်။ လက်ရှိတွင် ဆန်းမန်ရှာမြို့ရှိ...
ထျန်းကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဟယ်ဖိန်ခရိုင် ကျင်းဝမ်းရင်ပြင်၏ အချက်အချာနေရာတွင် တည်ရှိသော ကျင်းဝမ်းယွင်တိန် ရှုမျှော်စင်ကို မကြာသေးမီရက်က စတင်ဖွင့်လှစ်ခဲ့သည်။ လာရောက်လည်ပတ်သူများသည် မီတာ ၃၀၀ အမြင့်ရှိသော အဆောက်အဦအပေါ်ဆုံးသို့ တက်ရောက်ပြီး ထျန်းကျင်းမြို့လယ်၏ မြင်ကွင်းကျယ်များကို ကြည့်ရှုနိုင်ပေသည်။ (Xinhua) …………………...