-မိဘမဲ့ဘဝမှ မသန်စွမ်းရေကူးသမားဖြစ်လာသူ Liu Yu တရုတ်အားကစားသမား Liu Yu သည် စက်တင်ဘာ ၃ ရက် ပဲရစ်မသန်စွမ်းအားကစားပွဲ အမျိုးသမီး မီတာ ၅၀ ပက်လက်ကူး S5 ဖိုင်နယ်ပွဲစဉ် တတိယအကျော့ကူးခတ်ပြီးနောက် လေပေါ်လက်သီးမြှောက်လျက် အောင်ပွဲခံဟစ်ကြွေးလိုက်သည်။ မိဘမဲ့တစ်ဦးအဖြစ်မှ မသန်စွမ်းအားကစားပွဲတွင် ဆုတံဆိပ်များစွာပိုင်ဆိုင်သူဖြစ်လာခဲ့သော Liu သည်...
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ထိပ်သီးအစည်းအဝေးနှင့်အတူ ပေကျင်းမြို့၏ လမ်းမများထက်ဝယ် အာဖရိကနိုင်ငံအလံများ တလွင့်လွင့် လွှင့်ထူထားခြင်းသည် မိတ်ဆွေဟောင်းများ ပြန်လည်ဆုံစည်းခြင်းဖြစ်သည်သာမက အနာဂတ်ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ် ဖွင့်လှစ်ခြင်းအထိမ်းအမှတ်လည်းဖြစ်သည်။ လွန်ခဲ့သောရာစုနှစ်ဝက်အတွင်း ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအရေအတွက် အများဆုံးတိုက်ကြီးဖြစ်သည့်...
ဗီယင်နာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) သည် ယူကရိန်း၏ နျူကလီးယားလုံခြုံရေးသေချာစေရန် အကူအညီများ တိုးချဲ့ပေးမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံအတွင်းရှိ အရေးကြီးသော စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ကာကွယ်ရန် ပိုမိုတက်ကြွသော အစီအမံများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း IAEA က စက်တင်ဘာ ၃...
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ပထမဆုံးအကြိမ် ပြုလုပ်သည့် အီဂျစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲကို စက်တင်ဘာ ၃ ရက်တွင် အီဂျစ်နိုင်ငံ မြောက်ပိုင်းရှိ လေဆိပ်တစ်ခု၌ စတင်ကျင်းပခဲ့ကာ တရုတ်၊ အီဂျစ်နှင့် အခြားနိုင်ငံများမှ လေတပ်များက သရုပ်ပြပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အီဂျစ်နိုင်ငံသမ္မတ အက်ဘ်ဒယ်-ဖာတာ...
ကွမ်ကျိုး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ Xpeng Aeroht က ပထမဆုံး အများပြည်သူရှေ့ စမ်းသပ်ပျံသန်းမှုအတွင်း မော်ဂျူလာကားပျံအား ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါယာဉ်က ခန့်မှန်းခြေ အရှည် ၅.၅ မီတာနှင့် အကျယ် ၂ မီတာ ရှိပြီး မြေပြင်မောင်းနှင်မှုနှင့် ပျံသန်းမှု...