ဝန်ချန်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်/ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ၏ အလေးချိန် အလယ်အလတ်အဆင့် တင်ဆောင်နိုင်သော Long March-8 သယ်ဆောင်ရေးဒုံးပျံ အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်း အာကာသယာဉ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ပွဲဦးထွက်လွှတ်တင်ခဲ့သည်။ (Xinhua)
ဘန်ကောက်၊ဒီဇင်ဘာ၂၃ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်(Samut Sakhon) တွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့ရာ ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရန် စီစဉ်ထားမှုများကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းနိုင်ငံ ပတ္တယားမြို့ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဂျီနီဗာ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ယခုကာလများတွင် ဗြိတိန်နိုင်ငံ၌ ထွက်ပေါ်လာသည့် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကျယ်ကျယ်ပြန့်ပြန့် အာရုံထားဂရုပြုမှုများရှိခဲ့ရာ ဆွီဒင်၊ ဆွစ်ဇာလန်၊ ပြင်သစ် စသည့် ဥရောပနိုင်ငံအများအပြားသည် အဆိုပါ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ဦးတည်သည့် ကာကွယ်မှုများပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လူနာသစ် ၉၆၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ငါးရက်ဆက်တိုက် ၅ ရာခိုင်နှုန်းအောက် ရှိလာနေခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ဂျီနီဗာ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ဗိုင်းရပ်စ်ရောဂါပိုး မျိုးရိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဗြိတိန်တွင် ယခုကာလများအတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပါအဝင် လက်ရှိသိရှိထားပြီးဖြစ်သည့် ဗီဇပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်များက ဆေးဝါး၊ ကုသထုံး၊ စစ်ဆေးမှုနည်းလမ်းနှင့် ကာကွယ်ဆေး ထိရောက်မှုအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုမရှိသေးကြောင်း...