ကိဗ် ၊ဇွန် ၂၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကိဗ်မြို့တော် Shevchenkivskyi ခရိုင်အတွင်း ယနေ့ ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ကြောင်း ကိဗ်မြို့တော်ဝန် Vitali Klitschko က တယ်လီဂရမ်ချန်နယ်မှ တဆင့် ပြောကြားခဲ့သည်။
နန်နင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးရေလျှံမှုများသည် ဒေသခံ ပြည်သူ ၃ ဒသမ ၇၅ သန်းကျော်ကို သက်ရောက်မှုရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စနေနေ့တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုဒဏ်ခံရပြီးနောက်တွင် တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် တန်ဖိုး ယွမ် သန်း ၅၀ ထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍရှိ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမငါးလတာအတွင်း နှစ်ဆတိုးပွားလာကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းထံမှ သိရသည်။