ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုသည် “နောက်ဆုံးပြိုင်ပွဲ” သို့ ဝင်ရောက်လာပြီဖြစ်ပြီး COVID-19 ကာကွယ်ဆေး အများအပြားထုတ်လုပ်မှုအတွက် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားသစ်တစ်မျိုးကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်ချွမ်းမြို့တွင် သံလမ်းတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။magnetic levitation technology သံလိုက်နည်းပညာဖြင့် ပြုလုပ်ထားသည့် အဆိုပါရထားကို တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co.,...
ပဲရစ် ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပြင်သစ်နိုင်ငံဝန်ကြီးချုပ်Jean Castex က ပြင်သစ်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၏ နောက်ဆုံးအပတ်မှစတင်၍ COVID-19 ရောဂါ ကာကွယ်ဆေးသစ် စတင်ထိုးနှံပေးမည့် ပထမအဆင့် လုပ်ငန်းကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဆော်ပေါ်လို ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး ဘရာဇီး နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၆ ရက်၌ နောက်ဆုံးထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါ ဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း...
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) သည် လမျက်နှာပေါ်မှ စုဆောင်းထားသော နမူနာပစ္စည်းများနှင့်အတူ အိမ်အပြန်ခရီးကိုနှင်ခဲ့ရာတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း၌ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း...