ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၂၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၃ ဦးထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညထုတ်ပြန်မှုအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် အမေရိကန်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထွေထွေနည်းလမ်းများကို အသုံးပြုရန် လိုအပ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၂ ရက်အထိ ရရှိသည့် သတင်းများအရ...
ဝါရှင်တန်၊ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရှိ ပြည်နယ်များနေဖြင့် (အမေရိကန်ဒေသစံတော်ချိန်) ဒီဇင်ဘာ ၁၄ ရက် (တနင်္လာနေ့)တွင် Pfizer – BioNTech COVID-19 ရောဂါကာကွယ်ဆေး ပထမ အသုတ်ကို စတင်လက်ခံရရှိမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ကျန်းစု၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် Zhenjiang မြို့ရှိ ယန်ဇီမြစ်ပေါ်တွင် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏ ပထမဆုံးနှစ်ထပ်ကြိုးတံတားကြီး Wufengshan ကို ပြီးခဲ့သော သောကြာနေ့က စတင် ဖွင့်လှစ်အသုံးပြုခဲ့သည်။၎င်း ရထားလမ်းကြိုးတံတား- လမ်းပိုင်းတစ်ခုလုံး၏ အရှည်မှာ ၆.၄...
ပေကျင်း ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၂ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သည့် ရာသီဥတု ရည်မှန်းချက် ထိပ်သီးအစည်းအဝေး(Climate Ambition Summit) ၌ မိန့်ခွန်းပြောကြားစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုအပေါ် အဆိုပြုချက်သုံးခုကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။