ဒါကာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဒါကာတိရစ္ဆာန်ဥယျာဉ် ဟု လူသိများသော ဘင်္ဂလားဒေ့ရှ် အမျိုးသားတိရစ္ဆာန်ဥယျာဉ်ရှိ ကျားခြံဝင်းအတွင်း ဘင်္ဂလားကျားပေါက်လေးနှစ်ကောင်အား အခြားကျားတစ်ကောင်နှင့်အတူ ဆော့ကစားနေသည်ကို ဇွန် ၁၃ ရက်က မြင်တွေ့ရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နက်ရှိုင်းသောအာကာသစူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း မဟာဘွဲ့ ၆ ဒသမ ၅ သန်းကျော် နှင့် ပါရဂူဘွဲ့ ၆၀၀,၀၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၌ အရေးပါသော ရှေ့ဆက်ခြေလှမ်းများအဖြစ် ရာသီဥတုပြောင်းလဲခြင်း စောင့်ကြည့်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်သော ကာကွယ်နိုင်စွမ်းများ အဆင့်မြှင့်တင်ရန် အသေးစိတ် ဆောင်ရွက်ချက်များကို ထားရှိကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား စီမံကိန်း ၁၃ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်အား ဇွန် ၁၃ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။