အော့တဝါ ၊ ဇွန်၁၄ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရူးဒေါ့က ၎င်းသည် COVID-19 ရောဂါ ထပ်မံကူးစက်ခံရကြောင်း ဇွန် ၁၃ ရက်တွင် တွစ်တာလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဂျကာတာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ အမှတ်-၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာတွင် box girder ရက်မ ၉၈၁ ခုအား မူလစီစဉ်ထားသည့်အတိုင်း ဇွန် ၁၃ ရက်၌ ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ပုံသွန်းလောင်းသောနေရာဆိုင်ရာ အောင်မြင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတော့ဟုမ်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဆွီဒင်နှင်ဖင်လန် နိုင်ငံများ၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် လုပ်ငန်းစဉ်သည် ခန့်မှန်းထားသည်ထက် ရှုပ်ထွေးရာ အဖွဲ့ဝင်ဖြစ်ရေး အချိန်မသေချာသေးကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဇွန် ၁၃ ရက် ဆွီဒင်တွင် ပြောကြားခဲ့သည်။
လူဇင်ဘတ်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနက နိုင်ငံတောင်ပိုင်းရှိ ပုလဲမြစ်ဝှမ်းဒေသ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ခြင်း အဆင့်-၃ အဖြစ် ကနဦးသတ်မှတ်ထားကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။