ဟောင်ကောင်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) ဟောင်ကောင်နိုင်ငံတကာလေဆိပ်တွင် COVID-19 ကာကွယ်ရန် လူ့ခန္ဓာကိုယ်အနှံ့ ပိုးသတ်ပေးနိုင်သည့် ပိုးသတ်ခန်းများကို စတင်ထည့်သွင်းအသုံးပြုနေပြီဖြစ်သည်။ ၎င်းပိုးသတ်ခန်းများသည် photocatalyst နှင့် nano needles များကိုအသုံးပြု၍ လူ့ခန္ဓာကိုယ်နှင့် အဝတ်အစားများတွင်ကပ်ငြိနေသည့် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို စက္ကန့် ၄၀ အတွင်း ရှင်းလင်းပေးနိုင်သည်။ ဟောင်ကောင်လေဆိပ်သည်...
ပါရီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) Bill & Melinda Gates Foundation ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ်အား ပြင်သစ်နိုင်ငံ Le Figaro သတင်းစာက သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးဆောင်ပါးကို ဧပြီ ၂၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှ ပင်လယ်ရေကြောင်း နှင့် နယ်စပ် ကုန်သွယ်မှုများမှတဆင့် မေလတွင် ဆန်တန်ချိန် ၁၅၀,၀၀၀ အား တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ လျော့ကျလာသဖြင့် အမျိုးသားပြတိုက်ကို အများပြည်သူအားလပ်ရက်ငါးရက်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ၎င်း၏ဝက်ဘ်ဆိုက်စာမျက်နှာ ကြော်ငြာစာအရ သိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးများသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဧပြီ ၂၉ ရက်တွင် သဘောတူခဲ့ကြကြောင်း ပူးတွဲ ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။