ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သောဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးကွန်ရက် တိုးတက်ကောင်းမွန်လာခြင်း ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုစွမ်းရည် အားကောင်းလာခြင်း နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် သမိုင်းဝင်တိုးတက်မှု ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) သြစတြေးလျ ဝန်ကြီးချုပ်သစ် အန်သိုနီအယ်လ်ဘာနိစ်က သြစတြေးလျ အစိုးရသည် ပြင်သစ် ရေတပ်အုပ်စုနှင့် ပြေလည်မှုတစ်ရပ် ရရှိပြီး သြစတြေးလျက ယင်းအုပ်စုကို ယူရို သန်း ၅၅၀ ကျော် လျော်ကြေးပေးသွားမည်ဟု ဇွန် ၁၁ ရက်က ကြေညာခဲ့သည်။ သြစတြေးလျအစိုးရက...
ရီယိုဒီဂျနေရိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) စပိန်နိုင်ငံမှ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြန်လည်ရောက်ရှိလာသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ရောဂါတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၌ မျောက်ကျောက်ရောဂါ ဒုတိယမြောက်လူနာကို ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
စင်္ကာပူ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်က ထိုင်ဝမ်ပုစ္ဆာ နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြတ်သားသော ရပ်တည်ချက်အား ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ရေကြီးရေလျှံမှုထိန်းချုပ်ခြင်း နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းတို့နှင့်အတူ ဒေသဆိုင်ရာအစိုးရများကို ရံပုံငွေထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံသည် ၎င်း၏ ဗဟိုအစိုးရသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးရံပုံငွေကို ယွမ် သန်း ၃၆၀ (အမေရိကန်ဒေါ်လာ ၅၃.၇၄ သန်း) တိုးမြှင့်ခွဲဝေချထားရန် လျာထားကြောင်း သိရသည်။