ရန်ကုန်၊ ဇွန် (၆) ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ ဦးရေသည် ၂၆ ဒသမ ၈ သန်း ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) Shenzhou-14 အာကာသယာဉ်မှူးများသည် ပတ်ဝန်းကျင်စမ်းသပ်မှုများ ပြီးစီးကာ တံခါးပေါက်အား အောင်မြင်စွာ ဖွင့်လှစ်ပြီးနောက် Tianzhou-4 ကုန်တင်အာကာသယာဉ် အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA) ထံမှ သိရသည်။ (Xinhua) ———————- (English Version) Shenzhou-14 astronauts enter...
မော်စကို ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည်ဆိုပါက ရုရှားနိုင်ငံသည် သင့်လျော်သောဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ပြီး ပစ်မှတ်အသစ်များကို ပစ်ခတ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဇွန် ၅ ရက် ရုပ်သံတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
ဘန်ကောက် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်-လာအို-ထိုင်း ရထားလမ်းစီမံကိန်းသည် အရှေ့တောင်အာရှဒေသတွင် ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ကြီးကျယ်ခမ်းနားသော မုဒ်ဦး တစ်ခုဖြစ်လာလိမ့်မည်ဟု ထိုင်းနိုင်ငံ (ယခင်) ဒုတိယဝန်ကြီးချုပ် Pinit Jarusombat က ဆင်ဟွာသတင်းဌာနနှင့်မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) Shenzhou-14 အာကာသယာဉ်ပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ဇွန် ၅ ရက်တွင် တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မမော်ဂျူး Tianhe အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA) ထံမှ သိရသည်။