ကျိုချွမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လူလိုက်ပါသည့် Shenzhou-14 အာကာသယာဉ်အား ယနေ့ ဇွန် ၅ ရက်တွင် လွှတ်တင်ခဲ့ပြီး အာကာသစခန်းပေါင်းစပ်မှုသို့ ၆ လကြာမစ်ရှင်အတွက် အာကာသယာဉ်မှူးသုံးဦးအား စေလွှတ်ခဲ့ကြောင်း သိရသည်။
အေသင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဂရိနိုင်ငံ အေသင်မြို့၏ တောင်ဘက်ကမ်းခြေတစ်လျှောက်တွင် စနေနေ့ မွန်းလွဲပိုင်းမှ စတင်ကာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ယင်းတောမီးသည် လူနေရပ်ကွက်များအထိ ပြန့်နှံ့ချဉ်းကပ်ရောက်ရှိလာသဖြင့် မီးသတ်သမားများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အာသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဝါးအကူအညီ ပထမအသုတ်သည် သီရိလင်္ကာနိုင်ငံ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံက ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် စိန်ခေါ်မှုများအား ဖြစ်နိုင်သမျှလမ်းကြောင်းများမှတစ်ဆင့် အပြည့်အဝဆက်စပ်ကာ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းအတွင်းမှ အကူအညီများ ဆက်လက်ပေးအပ်သွားမည်...
ကျိုချွမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့သည် Shenzhou-14 အာကာသပျံသန်းမှုမစ်ရှင်ကို ထမ်းဆောင်ကြမည် ဖြစ်ပြီး အာကာသယာဉ်မှူး ချန်တုန်းက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က ဇွန် ၄ ရက်တွင် ကျင်းပသော...
ဒီလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တီမောလက်စ်တေ့နိုင်ငံသမ္မတ Jose Ramos-Horta သည် တီမောနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် တွေ့ဆုံစဉ် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု နှင့် ဘက်ပေါင်းစုံဝါဒထိန်းသိမ်းမှု တိုးမြှင့်ရန် ဘုံသဘောတူညီသည့်စိတ်ဆန္ဒရှိကြောင်း ဇွန် ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။