ဖနွမ်းပင် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံသည် အဓိကကူညီထောက်ပံ့သူဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍသည် cloud computing နည်းပညာကဲ့သို့သော ထွန်းသစ်စ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခြင်းနှင့်အတူ ယခုနှစ် ပထမ လေးလတွင် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
မော်စကို ၊ မေ ၂၉ ရက်(ဆင်ဟွာ) ရုရှားဖရီးဂိတ်စစ်သင်္ဘော Gorshkov သည် ဘာရန်းစ်ပင်လယ်ပြင်(Barents) မှနေ၍ မေ ၂၈ ရက်တွင် အသံထက်မြန်သော (Tsirkon) ဇာခွန်ဟိုက်ပါဆွန်းနစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံနှင့် အခြားနိုင်ငံများက BRICS သို့ ပါဝင်ရန် ဆန္ဒရှိကြောင်း သတင်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံသည် ယခုနှစ်၏ BRICS ဥက္ကဋ္ဌနိုင်ငံဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့မှုအစီအစဉ်နှင့် BRICS+ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းကို ထောက်ခံကြောင်း၊ BRICS...
ရှန်ဟိုင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာမြို့တစ်မြို့ဖြစ်သည့် ရှန်ဟိုင်းမြို့တွင် မကြာသေးမီက COVID-19 တစ်ဖန်ပြန်လည်ဖြစ်ပွားနေသည့်ကြားမှ ပြည်ပသို့ကားများတင်ပို့မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အဓိက မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ရှန်ဟိုင်းမြို့အခြေစိုက်သည့် SAIC Motor ကုမ္ပဏီသည် မေလတွင် ပြည်ပ မော်တော်ကားရောင်းချမှုများကို ခိုင်မာအောင်လုပ်ဆောင်သွားရန် ရှိကြောင်းသိရသည်။...