ဝါရှင်တန်၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်က ဆေးရုံတင်ထားရသူ ၉၃,၂၃၈ ဦးရှိခဲ့ရာ ယင်းမှာ COVID-19 ရောဂါဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူရသည့် အမြင့်ဆုံး အရေအတွက်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း COVID-19 ရောဂါ ခြေရာခံစီမံချက်၏ နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်စပ်၍ စည်းကမ်းချိုးဖောက်ကာ ဆိုးဝါးသော အပြုအမူများ ကျူးလွန်ခဲ့သည့် အမေရိကန်နှင့်ပတ်သက်ဆက်နွယ်မှုရှိသူ လေးဦးအား ဒဏ်ခတ်အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂ဝပြည့်နှစ် ဒီဇင်ဘာ ၁ရက်မှ ၃၁ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၂၂၇ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း COVID-19 အတည်ပြု လူနာ စုစုပေါင်း ၉၀,၀၀၀အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏...