ချုံချင့်၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ သုတေသီအဖွဲ့တစ်ဖွဲ့သည် မြန်နှုန်း၇ဆင့်ရှိ အရည်ဖိအားသုံး နှစ်ဖက်သွားကလပ်( DCT) များကို ပြည်တွင်း၌ ထုတ်လုပ်ခဲ့ပြီးမော်တော်ယာဉ် စွမ်းအင်များကိုဖြည့်ဆည်းပေးနိုင်မည့်စနစ် ထုတ်လုပ်မှု ကဏ္ဍ ကို ထိုးဖောက်နိုင်ခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် မိုးရာသီချေးငွေများအား မေ ၁၆ ရက်မှစ၍ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများတွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာရေး) ဦးဝင်းထိုက် က ဆင်ဟွာသို့ ယနေ့ မေ ၁၇ ရက်တွင် ပြောသည်။
နန်ချန်း၊ မေ ၁၇ ရက် (ဆင်ဟွာ) ယန်ဇီမြစ်တစ်လျှောက် ၁၀ နှစ်ကြာ ငါးဖမ်းခြင်းတားမြစ်ချက်အရ မြစ်ရေပြင်ဧရိယာတွင် တရားမဝင်ငါးဖမ်းခြင်းများကို တိုက်ဖျက်ရန် ဖြည့်စွက်နည်းလမ်းအဖြစ် ဉာဏ်ရည်တု (AI) နည်းပညာစနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကရာချိမြို့ရှိ ကွန်ဖြူးရှပ်စာသင်ကျောင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်းသေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား ဆရာဆရာမများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို မေ လ ၁၄ ရက်တွင်ကျင်းပခဲ့သည်။ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတာဝန်ခံ Pang Chunxue က အခမ်းအနားတွင် အမှာစကား...
အစ္စလာမ်မာဘတ် ၊ မေ ၁၇ ရက်(ဆင်ဟွာ) အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေး(zero-COVID) ချဉ်းကပ်နည်းအား ရွေးချယ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါကိုင်တွယ်ဖြေရှင်းပုံသည် ကမ္ဘာကြီးအတွက် မြင့်မားသောစံနှုန်းများကို ဖြစ်စေခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto Zardari က မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။