မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ်ဒေသအနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း စီးပွားရေးကို ဦးဆောင်သွားသင့်ပြီး ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်၍ မျှမျှတတဖြင့် အားလုံးအတွက် အကျိုးရှိစေရန် ကူညီဆောင်ရွက်သင့်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာမည့်အပတ်မှစ၍ COVID-19 နှင့်ပတ်သက်သော အစီအစဉ်များ အနည်းငယ်ပြောင်းမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် စီးပွားရေးဆိုင်ရာ ပညာပေး အစီအစဉ်များထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၅၃၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၇၆,၄၁၄) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၁၉)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၆၉၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၀ ရက်ည ၈နာရီ...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၊ ရုပ်သံတည်းဖြတ်/စုဝင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ ကို ယနေ့နိုဝင်ဘာ ၂၀ ရက်တွင်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် ကျင်းပခဲ့ကြောင်း...