ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်တွင် တရားဝင်လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက်၊ မတ် ၂၆ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး တွင် ကူညီဆောင်ရွက်ရန် စေလွှတ်ထားသည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပညာရှင်အဖွဲ့သည် ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ COVID-19 ရောဂါ သီးခြားကုသရေးဆေးရုံတွင် ရောဂါစစ်ဆေးရန်လိုအပ်သော CT ဓါတ်မှန်စမ်းသပ်ခန်း တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဂီဖူး၊ ဟီရိုရှီးမားနှင့် အိုကီနာဝါ စီရင်စုများတွင် COVID-19 ကူးစက်မှု အသစ် ခြောက်ဦးရှိခဲ့ကြောင်း အတည်ပြုလိုက်ပြီးနောက် ဂျပန်နိုင်ငံ၌ မတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီအထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၃၁၃...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်ကြောင်း၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မည်သို့ ကြိုတင်ကာကွယ်သင့်ကြောင်း ပြည်သူသို့ တင်ပြချက်ကို မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ယနေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် မတ် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။